မန္တလေး ” သပြေညို တိုက်ပွဲ “ထိုင်သပိတ်မှာ ပြည်သူနဲ့အတူ ပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မအေးသောင်း

အေးချမ်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပို ဖမ်းစားထားတဲ့ ပြည်သူ့အချစ်တော်လေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး မအေးသောင်းပဲ ဖြစ်ပါတယ်။

လတ်တလောမှာဆိုရင်တော့မအေးသောင်းက ပြည်သူလူထုနဲ့အတူရပ်တည်ကာ ဆန္ဒထုတ်ဖော်မှုတွေကို မမောမပန်းနိုင်အောင်တက်တက်ကြွကြွလုပ်ဆောင်နေတာတွေ့မြင်ရပါတယ်။ဒါ့အပြင် အရေးကြီးသတင်းတွေကိုလည်း သူမရဲ့အကောင့်မှာ အချိန်နဲ့တစ်ပြေးညီဖော်ပြလျက်ရှိတာလည်းဖြစ်ပါတယ်။

 တစ်နေ့ထက်တစ်နေ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အားကောင်းလာတဲ့ ဆန္ဒထုတ်ဖော်မှုတွေဟာ နိုင်ငံတကာရဲ့သတင်းတွေထိ ပြန့်နှံနေခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း မအေးသောင်းဟာ မန္တလေး ” သပြေညို တိုက်ပွဲ ” ထိုင်သပိတ်မှာ ပြည်သူနဲ့အတူ ပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပြန်ပါတယ်။

Yuan – Cele Zone

Photo – Aye Thaung