ခေါင်းကိုသေနတ်မှန်ပြီး သေဆုံးသွားတဲ့ ကင်းစောင့်ပြည်သူတစ်ဦးရဲ့အိမ်ကိုသွားရောက်ကာ ကျန်ရစ်သူမိသားစုအား နှစ်သိမ့်စကားပြောခဲ့တဲ့ ခိုင်နှင်းဝေ

ဖြူစင်တဲ့ပရဟိတနှလုံးသာလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေအားလုံး လေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေဆိုတာ ဒိတ်ဒိတ်ကြဲမင်းသမီးလေးတစ်လက်ပါပဲနော်။ 

ဒီနေ့မှာတော့ ခိုင်နှင်းဝေက ရွှေပြည်သာက ခေါင်းကိုသေနတ်မှန်ပြီး သေဆုံးသွားတဲ့ ကင်းစောင့်ပြည်သူ တစ်ဦးရဲ့အိမ်ကိုသွားရောက်ကာ ကျန်ရစ်သူမိသားစုအား နှစ်သိမ့်စကားပြောကြားရင်း တွေ့ဆုံခဲ့ကြောင်း ခုလိုပုံလေးတွေနဲ့တကွ ရေးသားဖော်ပြခဲ့ပါတယ်။

ရွှေပြည်သာ မှာ ခေါင်းကို သေနတ်မှန်ပြီး သေဆုံးသွားတဲ့ တာဝန်သိ ကင်းစောင့် ပြည်သူ တစ်ဦးရဲ့ ကျန်ရစ်တဲ့ ဇနီး နဲ့ သားလေး အိမ်ကို အားပေးနှစ်သိမ့်ရောက်ဖြစ်ခဲ့ပါတယ်ရှင်..ပြောစရာ စကား ရှာမရ ပဲ ငိုနေရင်း ရင်ကွဲသလို ခံစားမိပါတယ်..ကိုယ်ချင်းလဲ စာမိတယ်..လိုအပ်တဲ့ နေရာ အသုံးပြုဘို့အတွက် ကျမ တတ်နိုင်သလောက် အလှူငွေ (၄)သိန်း လှူဒါန်းပေးပီး မိသားစု စားဝတ်နေရေး နဲ့ ကလေးအတွက် လိုအပ်တာများ ပံ့ပိုး ကူညီသွားပါမယ်ရှင်..ခုလို အဖြစ်ဆိုးမျိုး ဘယ်သူမှ မကြုံရပါစေနဲ့ လို့ ကျမ ဆုတောင်းပါတယ်..လူ အချင်းချင်း သတ်ဖြတ် အနိုင်ကျင့်ခြင်း ကင်းဝေးပါစေရှင်”စာလေးပဲဖြစ်ရာ စိတ်မကောင်းမိတာအမှန်ပါပဲနော်။

Yuan – Cele Zone

Photo – Khine Hnin Wai