လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေအတွက် သူမကိုယ်တိုင်လုပ်ထားတဲ့ လက်ဖက်ထမင်း ဗူး(၃၀၀) လိုက်ဝေငှခဲ့တဲ့ မေလသံစဉ်

မေလသံစဉ်ကတော့ အနုပညာအလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်နေခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ချိုသာလွန်းတဲ့ အသံလေးတွေကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး အချစ်သီချင်းလေးတွေ မြန်မာသံသီချင်းလေးတွေကို သီဆိုလေ့ရှိနေသူလေး ဖြစ်ပါတယ်။

မေလကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံလေးတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတာတွေ့ရပါတယ်။ 

အခုလည်း လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေအတွက် သူမကိုယ်တိုင်လုပ်ထားတဲ့ လက်ဖက်ထမင်း ဗူး(၃၀၀) လိုက်ဝေငှခဲ့ပြန်ပါတယ် ။ပုံလေးတွေနဲ့အတူ ” ကိုယ့်အိတ် ကိုယ်စိုက် ကိုယ့်ခန္တာ ကိုယ်ရင်း ကိုယ့်ဆိုင်းဘုတ် ကိုယ်ကိုင်ပြီး ဆန္ဒတစ်ခုအတွက် ယုံကြည်ချက်နဲ့  ကြိုးပမ်းနေကြသော အစ်ကို အစ်မ များအတွက် ကိုယ်တိုင်လုပ် လက်ဖက်ထမင်း ဗူး(၃၀၀)ဝေမျှ”စာလေးကိုဝေမျှထားရာ ပြန်ဖော်ပြပေးလိုက်ပါရစေ။

Yuan – Cele Zone

Photo – Mayla Melody