ကျဆုံးသွားသော မမြမြသွဲ့ခိုင်ကို ကိုယ်တိုင်စီခြယ်ထားတဲ့ ရတနာကိုးသွယ်ကျွန်းအခေါင်းကြီးဖြင့် ဂုဏ်ပြုသင်္ဂြိုလ်ရန် သွားရောက်လှူဒါန်းခဲ့တဲ့ ဦးကျော်သူ

ပရဟိတမင်းသားကြီး ဦးကျော်သူတစ်ယောက်ကတော့ တိုင်းပြည်အတွက် ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ရင်း သေနတ်မှန်ကာ ကျဆုံးသွားခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ နောက်ဆုံးခရီးလေးကို ကိုယ်တိုင်စီခြယ်ထားတဲ့ ရတနာကိုးသွယ်ကျွန်းအခေါင်းကြီးဖြင့် ဂုဏ်ပြုသင်္ဂြိုလ်ရန် သွားရောက်လှူဒါန်းခဲ့ကြောင်း ခုလိုရေးသားဖော်ပြခဲ့ပါတယ်။

ကျဆုံးသွားသော အာဇာနည်သမီးငယ် မမြသွဲ့သွဲ့ခိုင် ၏ နောက်ဆုံးခရီးအတွက်။၂၀၂၁ ခုနှစ်၊ 2 လပိုင်း၁၉ရက်၊ နံနက် ၁၁:၀၅ နာရီမှာကွယ်လွန်သွားခဲ့တဲ့ အာဇာနည် သမီးငယ် မြသွဲ့သွဲ့ခိုင်အား ဦးညွှတ် အလေးပြုပါတယ် သမီးငယ် မြသွဲ့သွဲ့ခိုင်၏ နောက်ဆုံးဈာပနအခန်းအနားအား မနက်ဖြန် (၂၁.၂.၂၀၂၁)ရက်နေ့၊တနင်္ဂနွေနေ့တွင် နေပြည်တော်ရှိ ကွေ့ကြီးသုသာန် သို့ နေ့လည် (၁၁:၀၀) နာရီ တွင် ကျန်ရစ်သောရုပ်ခန္ဓာအား သယ်ဆောင်၍သင်္ဂြိုလ်မည်ဖြစ်ရာ 

နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ကျွန်တော်၏ အနုပညာအကြံပေးမိတ်ဆွေကြီးဖြစ်သူ နိုင်ငံခြားသင်္ဘောသား၊စာရေးဆရာ၊အနုပညာရှင် ကိုမောင်မောင်သိန်းလှိုင်မှ ကိုယ်တိုင်ဖန် တည်းကာ(၉)ရက်တိတိ ကိုမောင်မောင်သိန်းလှိုင်၊ကိုလင်းစိန်(ချက်ကလေး) နှင့်ကျွန်တော်တို့ ပြုလုပ်လှူဒါန်းထားသော ရတနာကိုးသွယ်ကျွန်းအခေါင်းကြီး ဖြင့် ဂုဏ်ပြုသင်္ဂြိုလ်မှုပြုရန်အတွက် ယနေ့နံနက်တွင် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ အတွင်းရေးမှူး ကိုထွန်းကိုကို၊အလှူရှင် ကိုမောင်မောင်သိန်းလှိုင်နှင့် နာရေးကူညီမှုအသင်းသားများ၊ပရဟိတဝန်ထမ်းများမှ မော်တော်ယာဉ် သုံးစီးဖြင့် သွားရောက် လှူဒါန်းပို့ဆောင်ခဲ့ပါသည်။” ဆိုတဲ့စာလေးနဲ့အတူ ပုံလေးတွေကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Kyaw Thu