လူတိုင်းအပေါ်ကို ကူညီချင်စိတ်ရှိပြီး အလှူအတန်းတွေလည်း အမြဲလုပ်လေ့ရှိသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ပဲ ဖြစ်ပါတယ်။
စမိုင်းလ်က လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးလည်း လမ်းပေါ်ထွက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ တတ်နိုင်သလောက်ကူညီဖေးမပေးနေတာဖြစ်ပါတယ်။
အခုလည်း နေပူထဲမှာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် အအေးနဲ့ မုန့် အယောက် (၁၄၀၀၀) စာကို ကိုယ်တိုင် ရက်ရက်ရောရော လိုက်ဝေငှခဲ့ပြန်ပါတယ်။ ပုံလေးတွေကြည့်ပြီးလေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါရစေ။
Yuan – Cele Zone
Photo – Smile