ချစ်ရတဲ့ သားလေးတွေကို အရမ်းလွမ်းနေကြောင်းနဲ့ အရင်ကပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ အမှတ်တရလေးတွေကို ကြေကွဲဝမ်းနည်းစွာပြောပြလာတဲ့ ကိုပေါက်

ကိုပေါက်ကတော့ အခုဆိုရင် ချစ်ရတဲ့ မိသားစုနဲ့ ခွဲနေရတာကြောင့် လွမ်းဆွတ်သတိရနေတာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ အရင်က ချစ်ရတဲ့သာလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားရင်းဖြတ်သန်းခဲ့တဲ့ အချိန်လေးတွေကို သတိရကြောင်း ကြေကွဲဝမ်းနည်းစရာကောင်းတဲ့စာလေးတွေကိုရေးသားဖော်ပြခဲ့ပါတယ်။

“သားရေ ဖေဖေလွမ်းလို့”ဒီအချိန်ဆို သားတွေကိုအိပ်ယာကနှိုး မျက်နှာသစ် သွားတိုက် သနပ်ခါးလူးပေးပြီး မနက်စာ ပက်ဒီရှူးဝါး၂ခွက် ဖျော်ပေးနေကြ။ ဒီအချိန်ဆို သားငယ်လေးရဲ့ILBC online class သင်တဲ့အချိန် သူ့ဘေးမှာထိုင်ပြီး သားငယ်နဲ့အတူတူသူငယ်တန်းစာတွေကျွန်တော်ပြန်သင်နေကြ။ ဒီအချိန်ဆို YouTube အရမ်းကြည့်တဲ့ ကိုကြီးသော်ကို အော်ရ ဟစ်ရနဲ့သားအစ်ဖနှစ်ယောက် ရေအတူတူချိုးနေကြ။ ဒီအချိန်ဆို သားငယ်လေးက သူဆော့နေတဲ့ Lego အရုပ်ကလေးတွေ ပူးနေလို့ ဒါလေးခွါပေးပါလား ပါပါး”လို့လာပြောနေကြ။ ဒီအချိန်ဆို သားသားတို့ကြိုက်တဲ့ပေါင်မုန့်ကြက်ဥကြော်စားတဲ့အချိန် စာပွဲမှာအေးအေးဆေးဆေး ထိုင်မစားပဲ ဆော့ရင်းကစားရင်းစားနေလို့ ငြိမ်ငြိမ်စားဖို့ ကျွန်တော့အသံကြီးနဲ့ အော်ဟစ်နေကြ။

ဒီအချိန်ဆို လမ်းမပေါ်သားသားတို့စက်ဘီးထွက်စီးရင် ကျွန်တော်ကဘေးကနေ ပြေးလိုက်ပေးနေကြ။ ဒီအချိန်ဆို ကုတင်ပေါ်မှာ သား၂ယောက်နဲ့အတူ စမက်ဒေါင်းချနေကြ။ ဒီအချိန်ဆို သားငယ်လေးရဲ့ဗိုက်ကိုလှန်ပြီး မုတ်ဆိတ်နဲ့ပွတ်ရင် သူအရမ်းအူတက်လို့“တော်ပါတော့ပါပါးရယ် အရှုံးပေးပါတယ်”လို့ပြောနေကြ။ ဒီအချိန်ဆို ညအိပ်ခါနီးတိုင်း ဒီနေ့ ပါပါးနဲ့ဘယ်သူ အိပ်မှာလဲလို့မေးရင် ညီအစ်ကို ၂ယောက် ဗိုလ် ကျား သေနတ်စွဲနေကြ။ ဒီအချိန် သားနှစ်ယောက်ကို ကျွန်တော်နမ်းနေကြ။ သားရေ ဖေဖေလွမ်းတယ်။ ကိုပေါက်(ခေတ္တ ဝရမ်းပြေး) 20.2.2021 “ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Aung Min Naing