၁၉၉၀ ခုနှစ်က အမျိုးသမီးပုံစံသရုပ်ဆောင်ခဲ့ရတဲ့ ပုံရိပ်ဟောင်းလေးကိုထုတ်ပြလိုက်တဲ့ ပရဟိတမင်းသားကြီး ကျော်သူ

Posted on

ပရဟိတမင်းသားကြီးကျော်သူဟာဆိုရင် လွန်ခဲ့သောခုနှစ်တွေများစွာကတည်းက အနုပညာလောက မှာရပ်တည်လာခဲ့ပြီး လက်ရှိအချိန်ထိလည်းပရိသတ်တွေရဲ့ တခဲနက်အားပေးမှုနဲ့ဆက်လက်ရပ်တည် နေတာပဲဖြစ်ပါတယ်။ နာရေးကူညီမှုပရဟိတ အသင်းကို တည်ထောင်ထားပြီး လိုအပ်နေတဲ့ နေရာတိုင်းမှာ သွားရောက်ကူညီပေးတတ်တဲ့ စိတ်ထားဖြူသူကြီးတစ်ယောက် ပါပဲ။ ကိုယ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကိုလည်း မရပ်နားပဲ တစ်ဖက်မှာလည်း ပရဟိတအလုပ်တွေကိုလည်း အားကြိုး မာန်တက်လုပ်ကိုင်သူတစ်ယောက်ပါ။

အသက်အရွယ်ရလာပေမယ့်လည်း အများကောင်းကျိုးသယ်ပိုးဖို့အတွက်ဆိုရင်တော့ ဘယ်တုန်းကမှ လက်မနှေးခဲ့တဲ့ မင်းသားကြီးကျော်သူတစ်ယောက် ပြီးခဲ့သော ၁၉၉၀ ခုနှစ်လောက်က ရုပ်ရှင်ဇာတ်ကားထဲမှာ အမျိုးသမီးဇာတ်ဝင်ခန်းအတွက် ပါဝင်သရုပ်ဆောင်ခဲ့စဉ်က အမှတ်တရ မှတ်တမ်းတင်ထားခဲ့တဲ့ ပုံရိပ်လေးကို ပရိသတ်တွေကိုချပြလိုက်တာပဲဖြစ်ပါတယ်။

အမျိုးသမီးပုံစံလေးနဲ့လည်း ကြည့်ကောင်းနေတဲ့ ငယ်စဉ်က ဦးကျော်သူက သူ့ရဲ့ပုံရိပ်တွေကို ” အော် ဘ၀ ဘဝ…။ 1990 လောက်က Sexy girl လေးပေါ့ရှင်။ ” ဆိုပြီးတင်ထားတာပဲဖြစ်ပါ တယ်။ ပရိသတ်တွေကလည်း သဘောတကျနဲ့မှတ်ချက်တွေ အများအပြားပေးခဲ့ပါသေးတယ်။ အသက်အရွယ်တွေရလာလည်း အနုပညာပိုးကတော့ဘယ်တော့မှ ပျက်သုန်းမသွားဘူးနော်။

Photo – Kyaw Thu
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Kyaw Thu
Happy – Cele Zone