လတ်တလောမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ နေရာအနှံအပြားမှာ ပြည်သူတွေအပါအဝင် အနုပညာရှင်များနဲ့ အလွှာအသီးသီးကပါ ဒီနေ့ချိန်ထိ ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်လျက်ရှိပါတယ်။
အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုတွေဟာဆိုရင် တစ်ရက်ပြီးတစ်ရက်အားကောင်းလာနေတာလည်းဖြစ်ပါတယ်။ ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ လူထုလှုပ်ရှားမှုတွေကိုလည်း နိုင်ငံတကာက လူတွေ ပိုမိုသတိထားမိနိုင်အောင် ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။
အခုလည်း ဖိုးသော်နဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကျော်များက ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထုကို အကာအကွယ်အပြည့်ပေးကာ လမ်းတစ်လျှောက် စောင့်ရှောက်ပေးခဲ့ပြန်ပါတယ်။ ပုံလေးတွေကြည့်ပြီးပီတိဖြစ်ကာ လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။
Yuan – Cele Zone
Photo – Cele Gabar