CDM မှာပါဝင်ပေးကြရန် နေပူထဲမှာ မမောမပန်းနိုင်အောင် တောင်းဆိုရင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဖွေးဖွေး

မင်းသမီးချောလေး ဖွေးဖွေးကတော့ သူမရဲ့ထူးခြားတဲ့အိုက်တင်တွေနဲ့ ပရိသတ်တွေ အားလုံးရဲ့ချစ်ခင်အားပေးမှုတွေကို အပြည့်အ၀ သိမ်းပိုက်ရရှိထားသူလေး ဖြစ်ပါတယ်။ 

လတ်တလောမှာဆိုရင်တော့ဖွေးဖွေးက ပြည်သူလူထုနဲ့အတူရပ်တည်ကာ ဆန္ဒထုတ်ဖော်မှုတွေကို မမောမပန်းနိုင်အောင်တက်တက်ကြွကြွလုပ်ဆောင်နေတာတွေ့မြင်ရပါတယ်။

အခုလည်း CDM မှာပါဝင်ပေးကြရန်တောင်းဆိုရင်း ဆန္ဒထုတ်ဖော်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ “CDMers = HEROES !!! နောက်တပတ်လည်း ရုံး မတက်ကြပါနဲ့ဦး ! CDM ပြည်သူ့ဝန်ထမ်းတွေဘက်မှာ ကျွန်တော်/ကျွန်မတို့ အားလုံး ရှိပါတယ် !!အခု ​ကြောက်​နေရင် ​နောက်မျိုးဆက်​တွေ ​ခေတ်အဆက် ဆက် ​ကြောက်သွားရလိမ့်မယ်!!! အရေးတော်ပုံ အောင်ရမည်!!!!!!”ဆိုတဲ့စာလေးကိုဝေမျှထားတာဖြစ်ပါတယ်။

Yuan – Cele Zone

Photo – Phway Phway