ပြည်သူထဲကပြည်သူတစ်ယောက်မို့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်ဆိုတဲ့ လွင်မိုး

မင်းသားကြီး လွင်မိုးကတော့ အနုပညာလောကမှာ ဇာတ်ကားတွေ၊ ကြော်ငြာတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲအထိရောက်အောင် နေရာယူထားနိုင်တာ ဖြစ်ပါတယ် ။ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ လွင်မိုးက နှစ်တွေလတွေပြောင်းလဲသွားပေမယ့် အခုအရွယ်အထိ ချောမောခန့်ညားနေဆဲ ပါ ။ 

လွင်မိုးကတော့ လတ်တလောမှာဆိုရင် ပြည်သူတွေနဲ့အတူရပ်တည်ကာ နေ့စဉ်တိုင်းလိုလို လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတာဖြစ်သလို ဆန္ဒပြပြည်သူတွေ အမောပြေစားသောက်နိုင်ရန် အစားအသောက်များလည်းလှူဒါန်းကာ တတ်နိုင်သလောက်ကူညီခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်း ပြည်သူထဲကပြည်သူတစ်ယောက်မို့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတာကြောင့် လမ်းမပေါ်ထွက်ကာ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Lwin Moe