လူငယ်တစ်ယောက်ပီပီ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ပါဝင် ဆန္ဒထုတ်ဖော်ခဲ့တဲ့ Drummer Bon Bon

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တော်တော်များများကတော့ လတ်တလောအခြေအနေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေကြတာ ဖြစ်ပါတယ် ။ နေ့စဉ်နေ့တိုင်း အားမလျှော့ဘဲ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတဲ့ အနုပညာရှင်တွေကို ပရိသတ်တွေကတောင် ချီးကျူးနေရပြီလည်း ဖြစ်ပါတယ် ။

ပုံစံမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကို နယ်ပယ်အသီးသီးကအနုပညာရှင်များက တက်နိုင်သလောက်ရှေ့ကဦးဆောင်ကာ ပါဝင်ကူညီရင်း အတူတကွ ရပ်တည်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုလည်း Bon Bonက ဂီတရပ်ဝန်းက အနုပညာရှင်များနဲ့အတူ ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်များပြန်လည်လွတ်မြောက်ရေးနဲ့ အာဏာရှင်စနစ်အလိုမရှိကြောင်းကို လူငယ်တစ်ယောက်ပီပီ တက်တက်ကြွကြွနဲ့ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း bon bon ရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

 

Yuan – Cele Zone

Photo – Cele Gabar