နောက်ဆုံးရတဲ့အခွင့်အရေးလေးနဲ့ ဒိုင်တွေရဲ့ သောတအာရုံကိုကောင်းကောင်းသိမ်းပိုက်နိုင်ခဲ့လို့ ပြန်saveခံလိုက်ရတဲ့ နော်စေးစေးထူး

Posted on

အခုဆိုရင် Myanmar Idol Season 4အဆိုပြိုင်ပွဲကြီးမှာ ပြိုင်ပွဲ‌၀င်တွေရဲ့ ပြိုင်ဆိုင်မှု‌ေတွဟာ အရမ်းကိုပြင်းထန်နေခဲ့ပြီပဲဖြစ်ပြီးတော့ နှုတ်ဆက်တဲ့သူတွေကလည်းနှုတ်ဆက်ထွက်ခွာခဲ့ရပါပြီ။ မနေ့ညကဆိုရင် ဒီလို Myanmar Idolကနေနှုတ်ဆက်ရမယ့် အခြေအနေတစ်ခုနဲ့ ကြုံခဲ့ရတဲ့ သူလေးကတော့ ကရင်တိုင်းရင်းသူလေး နော်စေးစေးထူးပဲဖြစ်ပါတယ်။

စပြိုင်ကတည်းက ပရိသတ်တွေသတိထားမိလောက်မယ့် ခပ်မိမိဖက်ရှင်လေးနဲ့ အလှသွေးကြွယ်နေတဲ့ နော်စေးစေးထူးဟာ မထင်မှတ်ထားရလောက်အောင် အဆိုလည်းကောင်းလွန်းသူတစ်ယောက်ပါ။ သီချင်းအမျိုးအစားအစုံကို ပင်ကိုယ်ဟန်နဲ့ ဆိုနိုင်တာကြောင့် ဒိုင်တွေရဲ့ သဘောကျနှစ်သက်မှုကိုလည်းခံခဲ့ရပါတယ်။ ဒါပေမယ့် နော်စေးစေးထူးဟာ မနေ့ညက Myanmar Idolပွဲစဉ်မှာတော့ Bottom 3မှာထိုင်ခဲ့ရပြီး Idolကနေထွက်ခွာရမယ့်အ‌ခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါကြောင့် သူမနောက်ဆုံးရတဲ့အခွင့်အရေး‌အနေနဲ့Save Songလေးကိုသီဆိုခဲ့ပြီးတော့ အသံနာပေမယ့်သီဆိုမှုက အထူးပဲကောင်းမွန်ခဲ့တာကြောင့် ဒိုင်တွေကို‌ေကာင်း‌ေကာင်းကြီးအကြပ်ရိုက်စေခဲ့ပါတယ်။ ဒိုင်တွေရဲ့အဖြေကို ပရိသတ်တွေလည်း စိတ်လှုပ်ရှားခဲ့ရပေမယ့် နောက်ဆုံးမှာတော့ Voting No 77703 ပြိုင်ပွဲ၀င် နော်စေးစေးထူးဟာ မျှော်လင့်ထားခဲ့ကြတဲ့ အတိုင်းSaveခံလိုက်ရပါတယ်။ ဒီတစ်ပတ်မှာတော့ ကျန်ရှိတဲ့ပြိုင်ပွဲ၀င် (၁၀)ယောက်ထဲကနေ တစ်ယောက်မှ မထွက်ခဲ့ရတဲ့အတွက် နောက်တစ်ပတ်မှာတော့ ပြိုင်ပွဲ၀င်(၂)ယောက်ဟာ Myanmar Idolကိုနှုတ်ဆက်ထွက်ခွာရမှာပဲဖြစ်ပါတယ်။ ကဲ… နောက်တပတ်လာမယ့် Myanmar Idolကတော့ တကယ့် ပွဲကြီးပွဲကောင်းပဲမို့ CeleZoneပရိသတ်တို့လည်း စောင့်မျှော်ကြည့်ရှုကြဖို့ မမေ့ကြနဲ့အုန်းနော်….

Source : Myanmar Idol
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

ေနာက္ဆုံးရတဲ့အခြင့္အေရးေလးနဲ႔ ဒိုင္ေတြရဲ႕ ေသာတအာ႐ုံကိုေကာင္းေကာင္းသိမ္းပိုက္ႏိုင္ခဲ့လို႔ ျပန္saveခံလိုက္ရတဲ့ ေနာ္ေစးေစးထူး

 

အခုဆိုရင္ Myanmar Idol Season 4အဆိုၿပိဳင္ပြဲႀကီးမွာ ၿပိဳင္ပြဲ‌၀င္ေတြရဲ႕ ၿပိဳင္ဆိုင္မႈ‌ေတြဟာ အရမ္းကိုျပင္းထန္ေနခဲ့ၿပီပဲျဖစ္ၿပီးေတာ့ ႏႈတ္ဆက္တဲ့သူေတြကလည္းႏႈတ္ဆက္ထြက္ခြာခဲ့ရပါၿပီ။ မေန႔ညကဆိုရင္ ဒီလို Myanmar Idolကေနႏႈတ္ဆက္ရမယ့္ အေျခအေနတစ္ခုနဲ႔ ႀကဳံခဲ့ရတဲ့ သူေလးကေတာ့ ကရင္တိုင္းရင္းသူေလး ေနာ္ေစးေစးထူးပဲျဖစ္ပါတယ္။

စၿပိဳင္ကတည္းက ပရိသတ္ေတြသတိထားမိေလာက္မယ့္ ခပ္မိမိဖက္ရွင္ေလးနဲ႔ အလွေသြးႂကြယ္ေနတဲ့ ေနာ္ေစးေစးထူးဟာ မထင္မွတ္ထားရေလာက္ေအာင္ အဆိုလည္းေကာင္းလြန္းသူတစ္ေယာက္ပါ။ သီခ်င္းအမ်ိဳးအစားအစုံကို ပင္ကိုယ္ဟန္နဲ႔ ဆိုႏိုင္တာေၾကာင့္ ဒိုင္ေတြရဲ႕ သေဘာက်ႏွစ္သက္မႈကိုလည္းခံခဲ့ရပါတယ္။ ဒါေပမယ့္ ေနာ္ေစးေစးထူးဟာ မေန႔ညက Myanmar Idolပြဲစဥ္မွာေတာ့ Bottom 3မွာထိုင္ခဲ့ရၿပီး Idolကေနထြက္ခြာရမယ့္အ‌ေျခအေနနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္ သူမေနာက္ဆုံးရတဲ့အခြင့္အေရး‌အေနနဲ႔Save Songေလးကိုသီဆိုခဲ့ၿပီးေတာ့ အသံနာေပမယ့္သီဆိုမႈက အထူးပဲေကာင္းမြန္ခဲ့တာေၾကာင့္ ဒိုင္ေတြကို‌ေကာင္း‌ေကာင္းႀကီးအၾကပ္႐ိုက္ေစခဲ့ပါတယ္။ ဒိုင္ေတြရဲ႕အေျဖကို ပရိသတ္ေတြလည္း စိတ္လႈပ္ရွားခဲ့ရေပမယ့္ ေနာက္ဆုံးမွာေတာ့ Voting No 77703 ၿပိဳင္ပြဲ၀င္ ေနာ္ေစးေစးထူးဟာ ေမွ်ာ္လင့္ထားခဲ့ၾကတဲ့ အတိုင္းSaveခံလိုက္ရပါတယ္။ ဒီတစ္ပတ္မွာေတာ့ က်န္ရွိတဲ့ၿပိဳင္ပြဲ၀င္ (၁၀)ေယာက္ထဲကေန တစ္ေယာက္မွ မထြက္ခဲ့ရတဲ့အတြက္ ေနာက္တစ္ပတ္မွာေတာ့ ၿပိဳင္ပြဲ၀င္(၂)ေယာက္ဟာ Myanmar Idolကိုႏႈတ္ဆက္ထြက္ခြာရမွာပဲျဖစ္ပါတယ္။ ကဲ… ေနာက္တပတ္လာမယ့္ Myanmar Idolကေတာ့ တကယ့္ ပြဲႀကီးပြဲေကာင္းပဲမို႔ CeleZoneပရိသတ္တို႔လည္း ေစာင့္ေမွ်ာ္ၾကည့္ရႈၾကဖို႔ မေမ့ၾကနဲ႔အုန္းေနာ္….