ဓာတ်ပုံရိုက်ပြီးနောက် ရွှံ့ပေနေတဲ့ခြေထောက်ကို လမ်းဘေးကဗွက်အိုင်မှာ အပီအပြင်ဝင်ဆေးနေ တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

Posted on

ပွင့်လင်းလွန်းလို့ ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်နေတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ အရှိအတိုင်းလေးနေတတ်တဲ့ ပုံစံလေး တွေကြောင့်လည်း ပိုပိုပြီးအချစ်ခံရလာတာဖြစ်ပါတယ်။ အမြဲတမ်းပြုံးနေတတ်ပြီး ပျော်ပျော်နေတတ်တဲ့ဖြူဖြူတစ်ယောက် ဒီတစ်ခေါက်မှာလည်း အရမ်းလှတဲ့ နေကြာပန်းခင်းကြီးကိုတွေ့လို့ ဓာတ်ပုံရိုက်ရာကနေ ဖိနပ်နဲ့ခြေထောက်မှာ ရွှံ့တွေပေသွား ခဲ့တာပဲဖြစ်ပါတယ်။

တောသူဆိုတော့တကယ့်ကိုပွင့်ပွင့်လင်းလင်းပဲ လမ်းဘေကတွေ့တဲ့ဗွက်အိုင်မှာပဲ ခြေထောက်ဆေးခဲ့တာဖြစ်ပါတယ်။ ဆေးလဲဆေး ပါးစပ်ကလဲ ” အိုင်တွေ့တိုင်းခြေဆေး ” ဆိုတဲ့ စကားပုံလေးကို သတိရမိတဲ့အကြောင်းကိုလည်း ခပ်နောက်နောက် လေးပြောခဲ့ပါသေးတယ်။ ကိုယ့်ရပ်ရွာကောင်းကျိုးကိုလည်း အမြဲတမ်းလိုလားသူတစ်ယောက်ပါ။

အဖြူရောင်ဂါဝန်လေးနဲ့ ကလေးဆန်ဆန်ချစ်ဖို့ကောင်းတဲ့ဖြူဖြူတစ်ယောက် ရွှံ့ပေနေတဲ့ ဖိနပ်လေး ကိုကိုင်ပြီး တစ်လှမ်းခြင်း လှမ်းကာ ရယ်မောပြုံးရွှင်နေတဲ့ပုံလေးက ချစ်စရာကောင်း လွန်းပါတယ်။ ဟန်ဆောင်မှုမရှိတဲ့ ပကတိအဖြူထည်လေး ဖြူဖြူထွေးရဲ့ ချစ်ဖို့ကောင်းတဲ့ ဗီဒီယိုလေးတစ်ခုကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Video / Photo – Phyu Phyu Htwe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone