ချစ်ဇနီးနဲ့သမီးလေးကို မျက်နှာတစ်ချက်အညိုးမခံဘဲ အမြဲတမ်းပျော်ရွှင်အောင် ဖန်တီးပေးတတ်တဲ့ အာဘွိုင်း

မိသားစုတစ်ခုပျော်ရွှင်ဖို့ဆိုတာ အပြန်အလှန်ချစ်ခြင်းမေတ္တာနဲ့ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုတွေလိုအပ်ပါတယ်။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့မိသားစုလေးဟာ ချစ်ခြင်းမေတ္တာတွေနဲ့တည်ဆောက်ထားတာကြောင့် မြင်ရသူတိုင်းကြည်နူးစရာ ဖြစ်နေခဲ့ပါတယ်။ ချစ်ဇနီးနဲ့ သမီးအပေါ် ခင်ပွန်းကောင်း ဖခင်ကောင်းပီသအောင်နေတဲ့ အာဘွိုင်းဟာ မိသားစုကိုမြတ်နိုးတန်ဖိုးထား သူတစ်ယောက်ပါ။

 

 

 

လက်ရှိမှာလည်း မြတ်က ဒုတိယရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပြီး ကိုယ်ဝန်ကြောင့် မအီမသာဖြစ်နေတဲ့အချိန်မှာ အာဘွိုင်းက ခင်ပွန်းကောင်းပီသစွာနဲ့ အနားမှာနေပြီး ဂရုစိုက်ပေးခဲ့ပါတယ်။ အိပ်ယာထဲမှာပဲ လှဲနေရတဲ့ချစ်ဇနီးလေးစိတ်ပျော်အောင် မိသားစုသုံးယောက်အတူ Staycation ထွက်ခဲ့ပါသေးတယ်။

 

 

 

 

တစ်ယောက်တည်းရှိနေမယ့်အစား ချစ်ရတဲ့ခင်ပွန်းနဲ့ သမီးလေးက အနားမှာရှိနေတော့ မြတ်အတွက်ပိုပြီးပျော်စရာဖြစ်နေခဲ့ပုံပါ။ အဖြူရောင်အင်္ကျီဆင်တူလေးတွေနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ မိသားစုသုံးယောက်ရဲ့ပုံလေးဟာ ကြည့်လိုက်တာနဲ့ ကြည်နူးသွားစေတာမို့ ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

 

 

 

Happy – Cele Zone
Photo – Our Travel Diaries