သစ်တံခါးဆရာတော်ရဲ့မေတ္တာဓာတ်ခံယူပြီးနောက် လက်ရှိဖြစ်နေတဲ့ဝေဒနာတွေပါ သက်သာသွားသလိုခံစားရတယ်ဆိုတဲ့ ခိုင်နှင်းဝေ
Posted on
ကလေးတို့မေမေခိုင်နှင်းဝေတစ်ယောက် ပရဟိတတွေလည်းလုပ်သလို တရားဘာဝနာနဲ့လည်း အနေနီးသူတစ်ယောက်ပါ။ ကလေးတွေနဲ့မအားမလပ်ဖြစ်နေတဲ့ကြားကနေ သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ မေတ္တာဓာတ်ကိုခံယူပြီး အဖြူရောင် ဝတ်စုံလေးနဲ့ တရားရိပ်မှာအေးချမ်းနေတဲ့သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ ကောင်းတာတွေပဲ လုပ်ရင်ကောင်းတာတွေပဲဖြစ်လာမယ်ဆိုတဲ့စကားလေးကအမှန်ပဲနော်။
ကလေးတွေအပေါ်ကို စေတနာထားပြီး မိခင်အရင်းတစ်ယောက်လို ပြုစုပျိုးထောင်ပေးတဲ့ မေမေခိုင်နှင်းဝေကို ချစ်ခင်တဲ့ ပရိသတ်တွေလည်းများပြားသလို သူမသွားရောက်လှူတန်းတဲ့ အရပ်ဒေသတိုင်းမှာလည်း နွေးထွေးတဲ့ကြိုဆိုမှုတွေနဲ့ အမြဲ ရင်အေးချမ်းစေခဲ့ပါတယ်။ စိတ်ထားကောင်းတဲ့သူဆိုတော့လည်း အားလုံးကဝိုင်းချစ်ကြတာပေါ့နော်။
သူမရဲ့ အေးချမ်းနေတဲ့ပုံရိပ်လေးတွေကို ” ကျေးဇူးတော်ရှင် သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ မေတ္တာဓာတ်ကို သွားရောက်ခံယူ ရင်း ဆရာတော့်ကို ဖူးမျှော်ခဲ့ပါတယ် ကလေးတွေနဲ့ မအားမလပ် ဖြစ်နေတော့ ဒီနှစ်ဆရာတော်အဓိဌာန် ဝင်နေစဉ်တုန်းက တကြိမ်မှမရောက်ဖြစ်ခဲ့ဘူး ဘုန်းဘုန်း ရဲ့မေတ္တာတရားတွေကြောင့် အေးချမ်းခဲ့ ရသလို တွေ့လိုက်တာနဲ့ အမြဲဆုံးမသွန်သင် လမ်းညွှန်ပေး တဲ့ ဆရာတော်ဘုရားရဲ့ကျေးဇူးကြောင့် စိတ်တွေလန်းဆန်းပြီး အောင့်နေတဲ့ဗိုက်,ခံစားနေရတဲ့ ဝေဒနာတွေပါ ပျောက်ကင်းသွားသလို ခံစားရပါတယ် ဆရာတော်ဘုရား ကျန်းမာပါစေဘုရား ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။
Photo – Khine Hnin Wai
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Khine Hnin Wai
Happy – Cele Zone