အငယ်ဆုံးသမီးလေးရဲ့မွေးနေ့အတွက် မြန်မာပြည်ကနေ ကောင်းမှုကုသိုလ်လုပ်ပေးရင်း မွေးနေ့ဆုတောင်းစကားပြောခဲ့တဲ့ ဖေဖေနိုင်းနိုင်း

ပျော်ရွှင်အောင်မြင်တဲ့မိသားစုဘဝလေးဟာ ချစ်ရတဲ့ရတနာလေးတွေနဲ့ ကြည်နူးမဆုံးရှိနေတဲ့ ဖေဖေနိုင်းနိုင်းဟာ သားသမီး လေးယောက်လုံးကိုသိပ်ချစ်ပြီး အတူတူရှိနေတဲ့အချိန်တိုင်း အမြဲတမ်းဂရုတစိုက်ရှိပေးခဲ့ပါတယ်။ အနားမှာမရှိနိုင်ရင်လည်း ကလေးတွေအတွက်ရော ဇနီးအတွက်ပါ အချိန်ကိုသပ်သပ်ဖယ်ထားပြီး တကူးတကအချိန်ပေးခဲ့တဲ့ ဖခင်ကောင်း ခင်ပွန်းကောင်းတစ်ယောက်ပါ။

 

ဒီနေ့ဟာလည်း ချစ်ရတဲ့သမီးအထွေးဆုံးလေးရဲ့မွေးနေ့ဖြစ်ပြီး သမီးလေးရဲ့မွေးနေ့အတွက် သီလရှင်ဆရာလေးကျောင်းမှာ လိုအပ်တာလေးတွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဖခင်တစ်ယောက်လိုဂရုစိုက်ပြီး သူငယ်ချင်းတစ်ယောက်အနေနဲ့လည်း ကလေးတွေကို စိတ်ပျော်ရွှင်အောင်ဖန်တီးပြီး အတူတူကစားပေးတတ်ပါသေးတယ်။

 

ချစ်သမီးလေးရဲ့မွေးနေ့အတွက် ” Happy Birthday Emereece..ရဲဘော် ၄ရဲ့ မွေးနေ့အမှတ်တရ၊ ” ဆိုပြီး ဆုတောင်းစကားပြောခဲ့ပါ သေးတယ်။ Happy Birthday ပါ သမီးလေးရေ။ ရှေ့ဆက်ရမယ့်နေ့ရက်တိုင်းမှာ ပျော်ရွှင်ပြီး မိဘတွေကို ထူးချွန်ထက်မြက်တဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

 

Happy – Cele Zone
Photo – Actor 99 / Sandy Cho