သမီးလေးကိုမွေးတော့မှာမို့ သားလေးရဲ့ (၂) နှစ်ပြည့်မွေးနေ့ကို မိသားစုသုံးယောက်ပဲ ကျင်းပဖြစ်တယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း
Posted on
မေမေသဉ္ဇာနွယ်ဝင်းကတော့ မကြာခင်မှာပဲ မိသားစုဘဝထဲကို သမီးလေးတစ်ယောက်ထပ်မံခေါ်ဆောင်လာဖို့အတွက် အဆင်သင့်ဖြစ်လို့နေပါပြီပရိသတ်ကြီးရေ။ ချစ်စရာကောင်းတဲ့ သားသား Peach လေးဟာ (၂) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး သမီးလေးကို မြင်ရဖို့သိပ်မလိုတော့တဲ့အချိန်လေးဖြစ်တာမို့ မေမေကတော့အရမ်းကိုရင်ခုန်နေပုံပါပဲ။ သားလေးရဲ့ (၂) နှစ်ပြည့် မွေးနေ့လေးကို မိသားစုသုံးယောက်အတူတူ ပျော်ပျော်ပါးပါးကျင်းပခဲ့တာပဲဖြစ်ပါတယ်။
အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေမလုပ်တော့ပဲ မိသားစုကိုပဲ အချိန်တွေ အပြည့်ပေးနေတဲ့ ချစ်ဖို့ ကောင်းတဲ့ အိမ်ထောင်ရှင်မကောင်း၊ မိခင်ကောင်းပီသတဲ့ မေမေသဉ္ဇာနွယ်ဝင်းဟာ တစ်သားမွေးတစ်သွေးလှဆိုသလို ကလေး နှစ်ယောက်မိခင်ဖြစ်သည့်တိုင် အပျိုတုန်းကထက်ပိုပြီးတောင် လှသွေးကြွယ်နေခဲ့ပါတယ်။
မိသားစုသုံးယောက်အတူတူမွေးနေ့ပွဲကျင်းပနေတဲ့ပုံရိပ်လေးကို ” သားသား(၂)နှစ်ပြည့်မွေးနေ့ ကို မိသားစုသုံးယောက်ထဲ ပဲလုပ်ဖြစ်တယ် မေမေကမွေးတော့မှာဆိုတော့ နောက်နှစ်မှမွေးနေ့ လုပ်ပေးတော့မယ်နော် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ တခမ်းတနားမဟုတ်သည့်တိုင် ဖေဖေ မေမေတို့နဲ့အတူဆိုတော့ Peach လေးက အရမ်းကိုပျော်နေခဲ့ပါတယ်။ Happy Birthday ပါ Peach လေးရေ။
Photo – Thinzar Nwe Win
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေမလုပ်တော့ပဲ မိသားစုကိုပဲ အချိန်တွေ အပြည့်ေ ပးနေတဲ့ချစ်ဖို့ကောင်းတဲ့ အိမ်ထောင်ရှင်မကောင်း၊ မိခင်ကောင်းပီသတဲ့ မေမေသဉ္ဇာနွယ်ဝင်းဟာ တစ်သားမွေး တစ်သွေးလှဆိုသလို ကလေးနှစ်ယောက်မိခင်ဖြစ်သည့်တိုင် အပျိုတုန်းကထက်ပိုပြီးတောင် လှသွေးကြွယ်နေခဲ့ပါတယ်။
Photo – Thinzar Nwe Win
Happy – Cele Zone