တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်ရှိတဲ့ ရွှေစုံတွဲကိုကြည့်ပြီး သူကိုယ်တိုင်ပါစိတ်ချမ်းသာမိတယ်ဆိုတဲ့ မျိုးမင်းစိုး

မျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့ ဒီဇိုင်နာလောကမှာ နာမည်ကြီးဒီဇိုင်နာတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ ကိုယ်ပိုင်ဒီဇိုင်းတွေကိုလည်း ထုတ်လုပ်နေပြီး ပိုးထည်ချည်ထည်တွေကို ဆိုင်ဖွင့်ကာရောင်းချနေခဲ့ပါတယ်။ ဒီနေ့မှာတော့ မျိုးမင်းစိုးရဲ့ ဆိုင်ကို ရွှေထူးနဲ့ ရွှေမှုံတို့ စုံတွဲလေးကရောက်လာပြီး ပိုးထည်တွေလာရောက်အားပေးခဲ့ကြပါတယ်။

ဆိုင်ကိုလာပြီး ပိုးစစ်ချိတ်တွေနဲ့ ရွှေမျိုး Ready to Wear အင်္ကျီလေးတွေကို အများကြီးဝယ်ယူ အားပေးတဲ့ရွှေထူးနဲ့ ရွှေမှုံတို့ စုံတွဲလေးကို ကျေးဇူးတင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ဒါ့အပြင် ဆိုင်မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အထည်တွေရွှေးပေးပြီး ဂရုတစိုက်ရှိကြတဲ့ ရွှေစုံတွဲလေးကိုကြည့်ပြီး သူကိုယ်တိုင်ပါ စိတ်ချမ်းသာနေခဲ့ပါသေးတယ်တဲ့။

“ရွှေမှူံဝတ်ဖို့ရွှေထူးရွေးပေးသလို ရွှေထူးဝတ်ဖို့လည်းရွှေမှုံပဲရွေးပေးတာပဲယူကြတဲ့အရမ်းချစ်ကြတဲ့ရွှေ(၂) ရွှေစုံတွဲလေးမြင်ရတာစိတ်ချမ်းသာလိုက်တာ” ဆိုပြီး ရွှေစုံတွဲကိုကြည့်ပြီး မျိုးမင်းစိုးတစ်ယောက် ကြည်နူးနေခဲ့တာပါ။ ပရိသတ်တွေကတော့ လူပျိုကြီးမျိုးမင်းစိုးကို ရွှေစုံတွဲကို ကြည်ပြီး အားကျနေတာလားလို့ စနောက်နေခဲ့ကြပါသေးတယ်။

Chilli – CeleZone
Source – Myo Min Soe