တေးရေးစိမ့်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဟန်ထူးဈာန်တို့ မောင်နှမ

ပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၃၀)ရက်နေ့လေးကတော့ ပရိသတ်တွေအတွက် သီချင်းကောင်းတွေကို ဖန်တီးပေးလေ့ရှိတဲ့ တေးရေးစိမ့်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေရက်လေးပဲဖြစ်ပါတယ်။ ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ စိမ့်ရဲ့ မွေးနေ့လေးအတွက်ကိုတော့ ဟန်ထူးဈာန်နဲ့ ဈာဈာန်ဟန်သာတို့ မောင်နှမနှစ်ယောက်ကလည်း မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားကြပါတယ်။

စိမ့်ကတော့ ဟန်ထူးဈာန်ရဲ့ သီချင်းတွေကို ရေးစပ်ပေးတဲ့ တေးရေးစရာတစ်ယောက်လည်း ဖြစ်တဲ့အပြင် မောင်နှမတွေလိုလည်း ခင်မင်ကျတဲ့ သူတွေပါ။ ဟန်ထူးဈာန်ကတော့ “မွေးနေ့မှာပျော်ရွှင်ပါစေ ကိုယ့်အစ်မ မကြီးစိမ့်” ဆိုပြီး သတိတရနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အတူတူတွဲရိုက်ထားတဲ့ ပုံလေးတွေနဲ့ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။

ဈာဈာန်ဟန်သာကလည်း “Happy Birthday par ချစ်မကြီး တေးရေး စိမ့်။ မွေးနေ့မှ စ ပျော်ရွှင်မှုများစွာပိုင်ဆိုင်နိုင်ပြီး ညီမလေးတို့ ဂျစ်တိုက်ပြီး အစားပုတ်တဲ့ မောင်နှမနှစ်ယောက်ကိုလဲ အများကြီး ချစ်ပေးပါလို့”ဆိုပြီး အသီးသီးမွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားတာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း စိမ့်ရဲ့ မွေးနေ့လေးအတွက်ကို မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးကြပါဦးနော်။

Chilli – CeleZone
Source – Han Htoo Zan , Zar Zan Han Thar