ထက်အဉ္ဇလီရဲ့ ဒုတိယမြောက်သီချင်း Teaser ဗီဒီယိုလေး

ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားနေခဲ့ပြီး ကိုယ်ပိုင်သီချင်းတွေလည်း ထွက်ရှိထားတဲ့အပြင်သူ့ရဲ့သီချင်းတွေကလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျနေခဲ့ပါသေးတယ်။

လတ်တလောမှာလည်း ထက်အဉ္ဇလီက နောက်ထပ်ကိုယ်ပိုင်သီချင်းလေးထွက်ရှိလာဖို့ ရှိနေခဲ့ပြီး ဒီနေ့မှာတော့ သီချင်းအသစ်လေးရဲ့ Teaser ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “အဖော်မဲ့ဆောင်း” လို့ အမည်ပေးထားပြီး Music Video လေးကိုတော့ မင်းသားချော ထွန်းကိုကိုနဲ့ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ထက်အဉ္ဇလီရဲ့ “အဖော်မဲ့ဆောင်း” သီချင်း Teaser ဗီဒီယိုလေးကိုတော့ ပရိသတ်တွေကကြည့်ရှုပြီး သဘောကျနှစ်သက်ပြီး သီချင်းအပြည့်အစုံလေးကို မျှော်လင့်နေကြောင်းမှတ်ချက်ပေးပြောဆိုနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ထက်အဉ္ဇလီရဲ့ MV Teaser လေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleZone
Source – Htet Inzali