အမိုက်စားပြင်ဆင်ထားတဲ့ New York တိုက်ခန်းလေးရဲ့ ပြင်ဆင်ထားပုံကို မျှဝေလိုက်တဲ့ ဥက္ကာမင်းမောင်

ပရိသတ်ကြီးရေ ဥက္ကာမင်းမောင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ဥက္ကာမင်းမောင်က သရုပ်ဆောင် တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ အချိန်တော်တော်ကြာကြာ ပရိသတ်အားပေးချစ်ခင်မှုကို ရရှိခဲ့ပေမဲ့ လက်ရှိမှာတော့ နိုင်ငံခြားမှာနေထိုင်လျှက်ရှိပါတယ်။

ဥက္ကာမင်းမောင်က သူ့ရဲ့နိုင်ငံရပ်ခြားဖြစ်တဲ့ New York မှာနေထိုင်တဲ့ နေထိုင်မှုပုံစံတွေကို အမြဲတမ်းလိုလို Vlog လေးတွေရိုက်ပြီး အမြဲတမ်းလိုလို ပရိသတ်တွေအတွက် မျှဝေဖော်ပြပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ဥက္ကာမင်းမောင်က လက်ရှိ သူတို့ မောင်နှမနှစ်ယောက်နေထိုင်တဲ့ တိုက်ခန်းလေးနဲ့ပတ်သက်ပြီး ပြင်ဆင်ထားတာတွေကို မျှဝေလာခဲ့ပါတယ်။တိုက်ခန်းလေးကတော့ အကျယ်ကြီးမဟုတ်ပေမဲ့ မီးဖို နဲ့ ဧည့်ခန်း က တတွဲထဲ lighting တွေကတော့ ကိုယ့်စိတ်ကြိုက် ဆင်ထားတာမို့ သူကိုယ်တိုင်လည်း အရမ်းသဘောကျနေခဲ့ပါတယ်တဲ့။

နောက်ရက်တွေမှာလည်း ဥက္ကာမင်းမောင်က သူ New Youk ကို စရောက်ကတည်းက အိမ်ငှားခြင်း အတွေ့အကြုံ အဆိုးတွေရော အကောင်းတွေရော နောက်မှ ဗီဒီယို ရိုက်ပြီး ပြောပြဦးမယ်တဲ့။ CeleZone ပရိသတ်ကြီးရေ ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့အိမ်လေးကို သေသေချာချာပြင်ဆင်ထားတာ နေချင်စရာတကယ်ကောင်းလွန်းလှတာတော့ အမှန်ပါပဲ။

Chilli – CeleZone
Source – Ye Htoo Win