တစ်ပတ်အတွင်းမှာတင် ပရိသတ်အားပေးနာဆင်မှုအများဆုံးနဲ့ Joox ရဲ့ နံပါတ် (၁)နေရာကိုရရှိခဲ့တဲ့ ဖြိုးပြည့်စုံနဲ့ မိစန္ဒီတို့ရဲ့ သီချင်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဖြိုးပြည့်စုံနဲ့ အဆိုတော် မိစန္ဒီတို့ရဲ့ “ဘတ်စုံ ထူးချွန် (၂)” သီချင်းလေးကတော့ ပြီးခဲ့တဲ့ ရက်အနညးငယ်က ထွက်ရှိလာခဲ့တဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ သီချင်းလေးက ထွက်ရှိလာခဲ့ချိန်ကနေစလို့ ပရိသတ်တွေရဲ့ကြိုက်နှစ်သက်အားပေးမှုကို ရရှိထားခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီသီချင်းလေးကတော့ ဒီတစ်ပတ်ရဲ့ Joox ရဲ့ ပရိသတ်တွေအားပေးနားဆင်မှုအများဆုံးနဲ့ နံပါတ်(၁)နေရာကို ရရှိခဲ့ပါတယ်။ ဖြိုးပြည့်စုံကတော့ အခုလို သူ့တို့ရဲ့သီချင်းလေးကို အားပေးကြတဲ့ ပရိသတ်တွေကို “Stream ပေးကြတဲ့ ဘက်စုံထူးချွန် (၂) ပရိသတ်တွေ ကို ကျေးဇူးတင်ပါတယ် ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

ဖြိုးပြည့်စုံနဲ့ မိန္ဒီတို့ နှစ်ယောက်ကတော့ Go away Corona သီချင်းလေး တုန်းကလည်း ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ အထိကို အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေရော ဖြိုးပြည့်စုံနဲ့ မိန္ဒီတို့ရဲ့ ဘက်စုံထူးချွန်(၂) သီချင်းလေးကို နားဆင်ပြီးကြပြီလား ပရိသတ်ကြီးတို့ရေ။

Chilli – CeleZone
Source – Phyo Pyae Sone