Beauty Blogger အဖြစ်နဲ့ ပရိသတ်တွေကစတင်သတိထားမိခဲ့ပြီးနောက် သူမရဲ့ဝါသနာအရ အနုပညာလိုင်းဖက်ကိုကူးပြောင်းလာ ခဲ့တဲ့နေခြည်ဦးဟာ အရင်ကထက်အောင်မြင်မှုတွေ ပိုများလာခဲ့ပြီး လက်ရှိမှာလည်း ဇာတ်လမ်းတွဲတစ်ခုကိုရိုက်ကူးနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ” ချစ်ပန်းဝါဝါ ” လို့အမည်ရပြီး သူမအတွက်တော့ ပထမဆုံးဇာတ်လမ်းတွဲ တစ်ခုဖြစ်ခဲ့ပါတယ်။
ပြင်ဦးလွင်မှာသွားရောက်ရိုက်ကူးခဲ့တဲ့ဒီဇာတ်ကားအတွက် သူမကအစွမ်းကုန်ကြိုးစားခဲ့ပြီး ပရိသတ်တွေရဲ့ရင်ထဲကို နေရာတစ်နေရာ အခိုင်အမာဝင်သွားဖို့အတွက် အရင်ကထက်ပိုပြီး ကြိုးစားနေခဲ့ပါတယ်။ အလုပ်တွေအရမ်းများနေတဲ့အကြောင်းကိုလည်း ” ဘဝမှာ တစ်ခါမှ ဒီလောက် အလုပ်မများဖူးဘူး။ 2021 treating me good ” ဆိုပြီး ပြောပြလာခဲ့ပါသေးတယ်။
သူမရဲ့ပရိသတ်တွေကအားပေးစကားပြောတဲ့အချိန်မှာလည်း ” Chillies တွေကိုလည်း တင်မေမြက အရမ်းလွမ်းနေတာပါ။ ဇာတ်ကောင်က နေခြည့်အတွက် အရမ်းကြီးတော့ အခုရိုက်နေတဲ့ series ထဲကို အရမ်းစိတ်နှစ်ထားလို့ပါ။ chillies တွေအတွက် မျက်နှာမငယ်ရ အောင် နှစ်ဆပိုကြိုးစားထားတယ် ” ဆိုပြီး ချစ်ဖို့ကောင်းအောင် ပြန်ပြောခဲ့ပါသေးတယ်။
Happy – Cele Zone
Photo – Nay Chi Oo