အလုပ်တွေနဲ့မအားလပ်လွန်းလို့ တစ်အိမ်တည်းအတူနေပြီးတောင် မဆုံဖြစ်ကြတဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသု

Posted on

နှစ်ယောက်တကမ္ဘာတည်ဆောက်ခဲ့ပြီးကြည်နူးစရာအိမ်ထောင်ရေးလေးဟာ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်တည်ရှိ နေတဲ့ ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အလုပ်ဒဏ်ပိနေရတဲ့ အဖြစ်ကို သုသုတစ်ယောက် လူမှု ကွန်ယက်ပေါ်မှာရင်ဖွင့်လိုက်တာပဲဖြစ်ပါ တယ်။ အတူတူနေချင်လို့အိမ်ထောင်ပြုလိုက်ကာမှ အလုပ်တွေမအားလို့အပြန်အလှန် အချိန်မပေးနိုင်ဖြစ်နေရတာလဲ စိတ်မကောင်းစရာပဲနော်။

ကိုယ်ဝါသနာပါတဲ့အနုပညာအလုပ်ကိုလုပ်နေရတော့လည်း ပင်ပန်းတယ်လို့မထင်မိလောက် ပါဘူးနော်။ သုသုတစ်ယောက် ရုပ်ရှင်promotion tourကနေအိမ်ပြန်ရောက်လာချိန်မှာတော့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးက နောက်ထပ်ရိုက်မယ့် ဇာတ်ကားသစ်အတွက် location hunt လုပ်ဖို့ခရီးထွက်သွားရတဲ့အကြောင်းလေးကိုပြောပြထားတာပဲဖြစ်ပါတယ်။

ဇနီးကအပြန်မှာ ခင်ပွန်းကလည်းအလုပ်ကိစ္စနဲ့အပြင်ထွက်သွားရတာဆိုတော့ နည်းနည်းတော့ ဆွေးစရာပေါ့နော်။ ရင်ထဲမှာ အချစ်တွေရှိနေရင်တော့ ဘယ်လောက်ဝေးဝေးနီးနီးလေးပါပဲ သုသုရေ။ ခင်ပွန်းဖြစ်သူရဲ့ နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကား အသစ်မှာ သုသုတစ်ယောက် ဘယ်လိုတွေ အနုပညာစွမ်းပြမယ်ဆိုတာတော့ ရင်ခုန်ချင်စရာပဲနော်။

Photo – Paing Phyoe Thu
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” အလုပ္ေတြနဲ႔မအားလပ္လြန္းလို႔ တစ္အိမ္တည္းအတူေနၿပီးေတာင္ မဆုံျဖစ္ၾကတဲ့ ဒါ႐ိုက္တာဏႀကီးနဲ႔ ပိုင္ၿဖိဳးသု ”

ႏွစ္ေယာက္တကမာၻတည္ေဆာက္ခဲ့ၿပီးၾကည္ႏူးစရာအိမ္ေထာင္ေရးေလးဟာ ေအးေအးခ်မ္းခ်မ္း တည္တည္ၿငိ မ္ၿငိမ္တည္ရွိေနတဲ့ ဒါ႐ိုက္တာဏႀကီးနဲ႔ပိုင္ၿဖိဳးသုတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ အလုပ္ဒဏ္ပိေနရတဲ့ အျဖစ္ကို သုသု တစ္ေယာက္ လူမႈကြန္ယက္ေပၚမွာရင္ဖြင့္လိုက္တာပဲျဖစ္ပါ တယ္။ အတူတူေနခ်င္လို႔အိမ္ေထာင္ျပဳလိုက္ကာမွ အလုပ္ေတြ မအားလို႔အျပန္အလွန္ အခ်ိန္မေပးႏိုင္ျဖစ္ေနရတာလဲ စိတ္မေကာင္းစရာပဲေနာ္။

ကိုယ္ဝါသနာပါတဲ့အႏုပညာအလုပ္ကိုလုပ္ေနရေတာ့လည္း ပင္ပန္းတယ္လို႔မထင္မိေလာက္ ပါဘူးေနာ္။ သုသု တစ္ေယာက္ ႐ုပ္ရွင္promotion tourကေနအိမ္ျပန္ေရာက္လာခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူ ဒါ႐ိုက္တာဏႀကီးက ေနာက္ထပ္ ႐ိုက္မယ့္ဇာတ္ကားသစ္အတြက္ location hunt လုပ္ဖို႔ခရီးထြက္သြားရတဲ့အေၾကာင္းေလးကိုေျပာျပထားတာပဲျဖစ္ပါတယ္။

ဇနီးကအျပန္မွာ ခင္ပြန္းကလည္းအလုပ္ကိစၥနဲ႔အျပင္ထြက္သြားရတာဆိုေတာ့ နည္းနည္းေတာ့ ေဆြးစရာေပါ့ေနာ္။ ရင္ထဲမွာအခ်စ္ေတြရွိေနရင္ေတာ့ ဘယ္ေလာက္ေဝးေဝးနီးနီးေလးပါပဲ သုသုေရ။ ခင္ပြန္းျဖစ္သူရဲ႕ ေနာက္ထပ္ရိုက္ကူး မယ့္ ဇာတ္ကားအသစ္မွာ သုသုတစ္ေယာက္ ဘယ္လိုေတြ အႏုပညာစြမ္းျပမယ္ဆိုတာေတာ့ ရင္ခုန္ခ်င္စရာပဲေနာ္။

Photo – Paing Phyoe Thu
Happy – Cele Zone