ရဲအောင် မေသဉ္ဇာဦးတို့နဲ့အတူ Tik Tok မှာခေတ်စားနေတဲ့ ဗီဒီယိုလေးကို စည်းချက်ညီညီ အမိုက်စားကပြလိုက်တဲ့ စိုးပြည့်သဇင်

အပြစ်ပြောစရာမရှိအောင် ချောမောလှပတဲ့မင်းသမီးလေး စိုးပြည့်သဇင်က ဖက်ရှင်ကျသူလေးတစ်ဦးလည်းဖြစ်ပြန်ပါတယ် ။ စိုးပြည့်ဟာ အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး တစ်လတ်လည်း ဖြစ်ပါတယ်။အချိုးအစားကျနတဲ့ ကိုယ်လုံးလေးနဲ့ သူမဝတ်သမျှက ပွဲတိုင်းမှာ ထင်ပေါ်နေတာကြောင့် မိန်းကလေးပရိသတ်တွေ အားကျနှစ်သက်နေရတဲ့ မင်းသမီးချောလေးတစ်ယောက်လည်းဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ ရုပ်ရည်လေးက ချောမောလှပသလို အသံလေးကလည်း သာယာချိုမြလွန်းသူလေး ဖြစ်ပါတယ်။ အချိန်တွေအကြာကြီး ပရိသတ်အားပေးမှုရရှိထားတဲ့ စိုးပြည့်သဇင်က အမာခံပရိသတ်မြောက်များစွာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ဒါ့အပြင် အရမ်းလိမ္မာရေးခြားရှိပြီး မိဘအပေါ်မှာလည်း သိတတ်တဲ့သမီးလိမ္မာလေးပါပဲနော်။

စိုးပြည့်အခုဆိုရင် အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။အခုလည်း ရိုက်ကွင်းမှာ ဦးရဲအောင် အန်တီ မေသဉ္ဇာဦးတို့နဲ့ဆုံတုန်းလေးမှာ tik tok မှာအရမ်းခေတ်စားနေတဲ့ သီချင်းလေးနဲ့ စည်းချက်ညီညီ အမိုက်စားကကွက်တွေပေါင်းစပ်ကာ ကပြထားတဲ့ ဗီဒီယိုလေးကိုဝေမျှထားတာဖြစ်ပါတယ်။ဗီဒီယိုလေးဟာ အခါခါပြန်ကြည့်ချင်ရလောက်အောင် ချစ်စရာကောင်းလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Soe Pyae Thazin