ရှုတင်ရိုက်ကွင်းအထိ ကော်ဖီကားပို့ပေးတဲ့ အမာခံပရိသတ်တွေကြောင့် ကြည်နူးပီတိဖြစ်နေခဲ့တဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုးကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ အနုပညာသက်တမ်းကလည်း ဆယ်နှစ်ကျော်ရှိနေပြီဖြစ်တဲ့ နန်းဆုကတော့ အမာခံပရိသတ်တော်တော်များများကိုလည်း ရရှိထားပြီး ပရိသတ်တွေက အရိပ်တကြည့်ကြည့်နဲ့ အားပေးခြင်းကိုခံရတဲ့ အနုပညာရှင်တွေထဲမှာ နန်းဆုလည်း အပါအဝင်ပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း နန်းဆုက ရုပ်ရှင်ရိုက်ကူးရေးတွေကို ပြန်လည်လုပ်ဆောင်နခဲ့ပြီး နန်းဆုရဲ့ ပရိသတ်တွေကတော့ နန်းဆုရဲ့ ရိုက်ကွင်းအထိကို လာရောက်အားပေးတွေ့ဆုံခဲ့ပါတယ်။ နန်းဆုရဲ့ ပရိသတ်တွေက သူတို့ရဲ့ Idol ဖြစ်တဲ့ နန်းဆုကို ရိုက်ကွင်းထိသွားရောက်အားပေးခဲ့တဲ့ အပြင် ရှုတင်ကိုလည်း ကော်ဖီကားပါပို့ပေးခဲ့ကြပါသေးတယ်။

အခုလို ပရိသတ်တွေက သူ့ကို အမှတ်တရတွေဖန်တီးပေးပြီး ချစ်ခင်အားပေးကြတာကြောင့် နန်းဆုက “သူတို့အချစ်တွေကြောင့်အမြဲပျော်ရပါတယ်” ဆိုပြီးကြည်နူးပီတိဖြစ်နေခဲ့ကြောင်းသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရေ နန်းဆုရဲ့ ပရိသတ်တွေကတော့ တကယ်ကိုချစ်ဖို့ကောင်းလှတဲ့ ပရိသတ်တွေပါပဲနော်။

Chilli – CeleZone
Source – Nan Su Yati Soe