ရင်ခွင်မဲ့ကလေးငယ်တွေကို ပိုပြီးစောင့်ရှောက်နိုင်အောင် အရင်ကထက်ပိုကြီးမားတဲ့ ဂေဟာကြီးဆောက်လုပ်နေတဲ့ မေမေခိုင်နှင်းဝေ

စွန့်ပစ်ခံကလေးငယ်တွေရဲ့ဘဝကို တတ်နိုင်သလောက်ကယ်တင်နေတဲ့ ကလေးတို့မေမေ ခိုင်နှင်းဝေဟာ ကလေးတွေကို ပိုပြီးကယ်တင်နိုင်အောင် ဂေဟာအကြီးကြီးဆောက်လုပ်နေခဲ့ပါ တယ်။ လက်ရှိကလေးလေးတွေရဲ့နေရေးထိုင်ရေးလည်း ပိုအဆင်ပြေသလို နောက်ထပ်ရောက်လာမယ့်ကလေးငယ်တွေအတွက်လည်း အတော်လေးအဆင်ပြေမယ့် ဂေဟာကြီးတစ်ခုပါပဲ။

 

 

ဆောက်လုပ်နေဆဲဖြစ်ပြီး လက်ရှိမှာတော့အပြည့်အဝရုပ်လုံးမပေါ်သေးပါဘူး။ စေတနာတွေ မေတ္တာတွေနဲ့ဆောက်လုပ်တာဖြစ်လို့ ရောက်လာသူတွေအတွက်လည်း သီရိဂေဟာဖြစ်မှာပါ။ မေမေခိုင်နှင်းဝေရဲ့စေတနာတွေကို အများကမြင်နေတာမို့ ဝိုင်းဝန်းလှူဒါန်း ကြတဲ့ သဒ္ဓါကြေးတွေကြောင့်လည်း အခုလိုဆောက်လုပ်နိုင်တာဖြစ်ပါတယ်။

 

ဂေဟာဆောက်နေတဲ့ပုံရိပ်တွေကို ” ကလေးတွေအတွက် အရိပ်လေးတစ်ခု တဖြည်းဖြည်း အကောင်အထည်ပေါ်လာတဲ့အတွက် ကျေနပ်ပီတိလေးဖြစ်ရပါတယ် နေရာကျဉ်းလေးထဲမှာ နေရတဲ့ ကလေးတွေအတွက်ရော နောက်လာမယ့် ခိုကိုးရာမဲ့ ကလေးတွေအတွက်ပါ နေရာလေး ပေးနိုင်တော့မှာမို့ ပျော်မိပါတယ် လှူဒါန်းပေးကြသော အလှူရှင်များ အားလုံးကိုလဲ သာဓု အကြိမ်ကြိမ် ခေါ်ဆိုပါတယ် ကျမအင်အားရှိသမျှ အသက်များကို ကယ်တင်ကာ ပြုစု ပျိုးထောင်ရင်း ကုသိုလ်ပြုသွားပါမည်ရှင် ” ဆိုပြီး ဝမ်းပန်းတသာနဲ့သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

 

 

Happy – Cele Zone
Photo – Khine Hnin Wai