လမ်းဘေးတိလေးတွေအတွက် အာဟာရဒါနအလှူလေးပြုလုပ်ပေးခဲ့တဲ့ လပြည့်နဲ့ ဖြိုးရာဇာနိုင်

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော လပြည်နဲ့ ဖြိုးရာဇာနိုင်တို့ သူငယ်ချင်း(၂)ယောက်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူနှစ်ယောက်ပါ။အနုပညာအလုပ်တွေကို အတူတကွလုပ်ကိုင်တဲ့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေဖြစ်ပေမဲ့လည်း ညီအစ်ကိုတွေလို ချစ်ခင်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

အမြဲတမ်းလိုလို စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေခဲ့တဲ့အပြင် ဒီနေ့မှာလည်း အလှူတွေကိုလည်း စိတ်တူကိုယ်တူနဲ့ ပြုလုပ်ခဲ့ပါသေးတယ်။ လပြည်နဲ့ ဖြိုးရာဇာနိုင်တို့ နှစ်ယောက်ကတော့ လမ်းဘေးမှာရှိတဲ့ တိလေးတွေအတွက် အစာအဟာရအလှူအနေနဲ့ မျိုးမျိုးခိုင်ကနေ တစ်ဆင့် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

CeleZone ပရိသတ်ကြီးရေ မျိုးမျိုးခိုင်က အခုလို သူ့ရဲ့ပရဟိအလုပ်တွေမှာ ပါဝင်လှူဒါန်းပေးခဲ့တဲ့ အတွက် “သားကိုဖြိုးနဲ့သားလပြည့်တို့ရဲ့အလူုလေးပါရှင်။သက်ရှည်ကျမ်းမာပြီးစီးပွားတိုးပါစေစားရဆိုသောစကားကိုလည်းဘယ်တော့မှမကြားရပါစေနဲ့ရှင်။တတိုင်းရပါစေ” လို့လည်း ဆုမွန်ကောင်းတွေတောင်းပေးထားခဲ့ပါသေးတယ်။

Chilli – CeleZone
Source – Myo Myo Khine