လေဆိပ်မှာသားလေးကိုယ်တိုင်လာကြိုတာကြောင့် အရမ်းပျော်နေတဲ့ ယွန်းဝတီလွင်မိုးနဲ့ Liam လေးတို့ ရုပ်သံ
Posted on
မင်းသားကြီး လွင်မိုးရဲ့ ချစ်စရာအလွန်ကောင်းတဲ့ သမီး‌ချောလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးဟာ အနုပညာအလုပ်တွေကို မလုပ်ခင်ကတည်းက ယောကျာ်းလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားခဲ့တဲ့ သူလေးပါ။ သမီးကြီးတစ်ယောက်ဖြစ်တဲ့ အပြင် အသက်ငယ်ငယ်နဲ့ ဖူးစာရှင်ရှာတွေ့သွားခဲ့တာကြောင့် ပရိသတ်တွေ နှမြောခဲ့ရပေမယ့် တကယ့်ကို ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီမို့ ပရိသတ်တွေက ယခင်ကထက်တောင် ပိုပြီးချစ်လာခဲ့ကြပါသေးတယ်။
အခုဆိုရင် ယွန်း၀တီရဲ့သားလေး Liamဟာ လမ်း‌ေတာင်လျှောက်တတ်တဲ့ အရွယ်ကိုရောက်နေပြီဖြစ်ပြီး တနေ့ထက်တစ်နေ့ အူယားလောက်အောင်ကို ပိုပိုပြီး ချစ်စရာကောင်းလာခဲ့ပါတယ်။ ဖိုးဖိုး လွင်မိုးရဲ့ အသည်းကျော်‌ေလးလည်းဖြစ်တဲ့ အပြင် မေမေ အနားမှာမရှိတုန်းမှာ ဖိုးဖိုးတွေဖွားဖွားတွေက မြေးလေးကို ထိန်းပေးတဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေ ကြည့်ဖူးကြမှာပါ။ ‌အခု‌ေတာ့ အကြောင်းအမျိုးမျိုးကြောင့် သားသား Liam လေးနဲ့ ခေတ္တဝေးနေတဲ့ မေမေ ယွန်းဝတီလွင်မိုးကတော့ သားလေးဆီကိုပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။
လေဆိပ်မှာ ဖိုးဖိုး ဖွားဖွားတို့နဲ့အတူတူ မေမေနဲ့ ဖေဖေကို သွားကြိုခဲ့တဲ့ Liam ေလးရဲ့ ဗီဒီယိုဖိုင်လေးကြောင့် ပရိသတ်တွေကြည်နူးပီတိဖြစ်ခဲ့ရပါတယ် ။ သားလေးကို တွေ့လိုက်ရလို့ အရမ်းကို ပျော်သွားပြီး ဖြစ်သွားတဲ့ ယွန်းဝတီလွင်မိုးရဲ့ မျက်နှာလေးမှာ မိခင်တစ်ယောက်ရဲ့ အပျော်တွေ ဖုံးကွယ်လို့မရအောင်ကို မြင်တွေ့ရမှာပါ။ကဲ… CeleZoneပရိသတ်ကြီးလဲ ယွန်း၀တီတို့ သားအမိနှစ်ယောက်ရဲ့ အလွမ်းသယ်‌ေနတဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ကြည်နူးနိုင်စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Source : yunnandy
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)
အခုဆိုရင် ယွန်းဝတီရဲ့သားလေး Liamဟာ လမ်း‌တောင်လျှောက်တတ်တဲ့ အရွယ်ကိုရောက်နေပြီဖြစ်ပြီး တနေ့ထက်တစ်နေ့ အူယားလောက်အောင်ကို ပိုပိုပြီး ချစ်စရာကောင်းလာခဲ့ပါတယ်။ ဖိုးဖိုး လွင်မိုးရဲ့ အသည်းကျော်‌လေးလည်းဖြစ်တဲ့ အပြင် မေမေ အနားမှာမရှိတုန်းမှာ ဖိုးဖိုးတွေဖွားဖွားတွေက မြေးလေးကို ထိန်းပေးတဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေ ကြည့်ဖူးကြမှာပါ။ ‌အခု‌တော့ အကြောင်းအမျိုးမျိုးကြောင့် သားသား Liam လေးနဲ့ ခေတ္တဝေးနေတဲ့ မေမေ ယွန်းဝတီလွင်မိုးကတော့ သားလေးဆီကိုပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။