သတ္တိရှိတဲ့မိခင်တစ်ယောက်အဖြစ်နဲ့ သားလေးကိုအကောင်းဆုံးပျိုးထောင်ပေးခဲ့တဲ့ အဆိုတော်မယ်လိုဒီခေါင်ရဲ့ အသက် (၂၂) နှစ်ပြည့်မွေးနေ့

Single Mother တွေရဲ့ဘဝဟာ တကယ်တော့မလွယ်ကူပါဘူး။ ကိုယ့်သားသမီးရဲ့မျက်နှာကိုပဲ ကြည့်ပြီး အဖေလည်းကိုယ် အမေလည်းကိုယ်ဆိုတဲ့စိတ်နဲ့ ရုန်းကန်ရှာဖွေရတဲ့အပြင် ကလေးကိုလည်း ထိန်းကျောင်းရပါသေးတယ်။ တာဝန်မဲ့သူတွေရဲ့ မျက်နှာလွှဲမှုတွေကို ဂရုမစိုက်ဘဲ ကိုယ့်ရင်ကဖြစ်တဲ့သွေးအတွက် အကောင်းဆုံးဆိုတာတွေဖန်တီးနိုင်ဖို့ သတ္တိတွေရှိလာခဲ့တာ Single Mother တွေပါပဲ။

 

မယ်လိုဒီခေါင်ဟာလည်း သူမငယ်ရွယ်စဉ်ကဖြစ်ခဲ့တဲ့အမှားတစ်ခုအတွက် အသက်ငယ်ပေမယ့် တာဝန်ယူစိတ်အပြည့်နဲ့သားလေးကို မွေးဖွားခဲ့ပြီး လက်ရှိအသက် (၂၂) နှစ်ပြည့်တဲ့အထိ မိခင်ကောင်းပီသစွာနဲ့ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ပါတယ်။ သီချင်းဆိုပြိုင်ပွဲ တစ်ခုကနေ ပရိသတ်တွေသတိထားမိလာခဲ့ပြီး ကိုယ်ပိုင်သီချင်းသီဆိုရာမှာလည်း အောင်မြင်မှုရခဲ့ပါတယ်။

 

 

ဒီနေ့ဟာ မယ်လိုဒီခေါင်ရဲ့ အသက် (၂၂) နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ သတ္တိရှိတဲ့ မိခင် တစ်ယောက်အဖြစ်နဲ့ သားလေးကို လူ့လောကထဲ ရဲရဲဝံ့ဝံ့ခေါ်လာခဲ့ပြီး လူပုံအလည်မှာလည်း ထုတ်ပြရဲတဲ့ အာဂမိခင်တစ်ယောက်ပါ။ ဒီလိုမိခင်ပီသတဲ့စိတ်တွေကြောင့်လည်း ပရိသတ်တွေကပိုပြီးအားပေးလာခဲ့ပါတယ်။ Happy Birthday ပါ မယ်လိုဒီလေးရေ ရှေ့ဆက်ရမယ့်နေ့ရက်တွေမှာလည်း ကောင်းကျိုးချမ်းသာတွေပဲ ရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

 

Happy – Cele Zone
Photo – Melody Grace Khong