ပရိသတ်တွေက သူ့အတွက် သီးသန့်ဖန်တီးပေးတဲ့ လက်ဆောင်လေးတွေကြောင့် ကြည်နူးပီတိဖြစ်နေတဲ့ ဖြိုးပြည့်စုံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်ဖြိုးပြည့်စုံကတော့ဒီနေ့မှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေဆီကနေ အမိုက်စားလက်ဆောင်လေးတွေရရှိခဲ့ပါတယ်တဲ့။ လာမယ့် ဖေဖော်ဝါရီလ (၅)ရက်နေ့ကတော့ ဖြိုးပြည့်စုံရဲ့မွေးနေ့ကျရောက်မှာဖြစ်ပြီး သူ့ရဲ့ပရိသတ်တွေကတော့ ဒီနေ့ကတည်းက မွေးနေ့အကြိုလက်ဆောင်တွေပို့ပေးနေကြတာပါ။

ဖြိုးပြည့်စုံကတော့ သူ့ရဲ့ပရိသတ်တွေဆီကနေ ဒီနေ့ရရှိခဲ့တဲ့ လက်ဆောင်လေးတွေကြောင့် ပျော်ရွှင်ပီတိဖြစ်နေရပြီး “ကျွန်တော့်မှာ pps fanilies ဆိုတဲ့ fan group လေးတခုရှိပါတယ်။ သီချင်းချစ်သူ fans တွေ ဟာကျွန်တော့် အတွက် ဂီတ family တခုပဲမို့ fanilies လေးတွေလို့ခေါ်တာပါ။ ဖေဖေါ်ဝါရီလ (၅)ရက် နေ့ ကျွန်တော် မွေးနေ့အတွက် ရည်ရွယ်ပြီး ဒီလို အမှတ်တရ ပစ္စည်းလေးတွေ ငွေကုန်ခံ ပြုလုပ်ပြီး ကျွန်တော့်ကိုယ်စား group ထဲက ကျွန်တော် အပါအဝင် ညီကို မောင်နှမတွေကို လက်ဆောင် ပို့ပေးလို့ အတိုင်းမသိ ဝမ်းသာပါတယ်”ဆိုပြီး ပရိသတ်တွေရဲ့အလိုက်သိတတ်မှုကြောင့် ဖြိုးပြည့်စုံတစ်ယောက်ဝမ်းသာနေခဲ့ပါတယ်။

ဖြိုးပြည့်စုံကလည်း သူတတ်တတ်အားသ၍ ကုသိုလ် ပြုတိုင်း fanilies တွေ ကိုယ်စား ပြုပေးတာဖြစ်သလို ဂီတမှာလည်း ဝမ်းစာ ရှိသလောက် ဆက်လက်ကြိုးစားနေပါ့မယ် ဆိုပြီးတော့ ပရိသတ်တွေအားပေးရကျိုးနပ်အောင် ဆက်လက်ကြိုးစားသွားပါမယ်တဲ့။ CeleZone ပရိသတ်ကြီးရေ ဖြိုးပြည့်စုံနဲ့ သူ့ရဲ့ပရိသတ်တွေရဲ့ အပြန်အလှန်သိတတ်မှုက ကြည်နူးဖွယ်ကောင်းလှပါတယ်နော်။

Chilli – CeleZone
Source – Phyo Pyae Sone