ကယန်းဘုရင်မတစ်ပါးလို ခမ်းနားလှတဲ့ ဖက်ရှင်နဲ့ ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့တဲ့ ဖြူဖြူကျော်သိန်း

Posted on

Myanmar Idol Season 4 ဒိုင်တစ်ဦးအဖြစ် လုပ်ဆောင်နေတဲ့ ပရိသတ်တွေရဲ့ အချစ်တော် ဖြူဖြူကျော်သိန်းကတော့ ဘယ်သူနဲ့မှမတူတဲ့ အသံပါဝါကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမဟာ ပြင်းရှတဲ့ သံစဥ်တွေကို ပရိသတ်တွေရဲ့ နှလုံးသားထဲထိရောက်အောင် အသံပါဝါခပ်‌ေကာင်း‌ေကာင်းနဲ့သီဆိုတတ်သူမို့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားတဲ့ နိုင်ငံကျော်အဆိုတော်တစ်ဦးဆိုရင်လည်းမမှားပါဘူးနော်။

ဖြူဖြူကို ပရိသတ်တွေစိတ်ဝင်စားကြရတဲ့ နောက်တချက်ကတော့ ဖြူဖြူရဲ့အရမ်းလန်းတဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့်ပါပဲ။ ညိုချောတစ်ယောက်ဖြစ်တဲ့အပြင် သူများတွေနဲ့ မတူတဲ့ ဆန်းပြားတဲ့ ဒီဇိုင်းတွေနဲ့ ပရိသတ်တွေကို ကောင်းကောင်းကြီး ဖမ်းစားထားနိုင်တဲ့ အလှဘုရင်မလေးတစ်ယောက်လည်းဖြစ်ပါသေးတယ်။ သူမဒိုင်လုပ်တဲ့ Myanmar Idol Season 4 ရဲ့ ပြိုင်ပွဲတစ်လျှောက်လံုးမှာတော့ အရမ်းကို လန်းလွန်းပြီး Creation ကောင်းကောင်းနဲ့ဖန်တီးထားတဲ့ ဖက်ရှင်တွေနဲ့  တစ်ပတ်တစ်မျိုးမရိုးရအောင် ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

ယခုတစ်ပတ် Rock Night မှာတော့ ပရိသတ်တွေ အံ့သြမှင်သက်သွားရလောက်အောင် အရမ်းကို မိုက်လွန်းတဲ့ ဒီဇိုင်းလေးနဲ့ ပွဲတက်ခဲ့တာကို တွေ့ရမှာပါ။ အနက်ရောင် ဂါဝန်ရှည်ကြီးနဲ့ ကယန်းဘုရင်မ တစ်ပါးလို လှပတင့်တယ်နေတဲ့ ဖြူဖြူကြောင့် ကြည့်ရှုသူအားလုံးပါးစပ်အဟောင်းသားနဲ့ဖြစ်ခဲ့ရပါတယ်။ ဝတ်စုံက ဆန်းသစ်ရုံသာမက ဆံပင်စတိုင်က မြန်မာပရိသတ်တွေအတွက်တော့ တကယ့်ကို အမြင်ဆန်းပြီး အသွင်လန်းတဲ့ဒီဇိုင်းမျိုးဖြစ်လို့‌ေနတာကိုတွေ့ရပါတယ် ။ ဆန်းသစ်တဲ့ ဒီဇိုင်းလေးနဲ့ ဖြူဖြူရဲ့ ချစ်စရာပုံလေးကို ကာတွန်းဆရာတွေက အသက်သွင်းထားတာကိုလည်း တွေ့ရမှာပါ။ ကဲ… CeleZone ပရိသတ်ကြီးအတွက်လည်း  ဖြူဖြူရဲ့ လူပြောများနေတဲ့ အမိုက်စားဒီဇိုင်နဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အား‌ပေးလိုက်ကြပါအုံးနော်။

Source : Phyuphyukyawthein
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

ကယန္းဘုရင္မတစ္ပါးလို ခမ္းနားလွတဲ့ ဖက္ရွင္နဲ႔ ပရိသတ္ေတြကို ပါးစပ္အေဟာင္းသားျဖစ္ေစခဲ့တဲ့ ျဖဴျဖဴေက်ာ္သိန္း

 

Myanmar Idol Season 4 ဒိုင္တစ္ဦးအျဖစ္ လုပ္ေဆာင္ေနတဲ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ျဖဴျဖဴေက်ာ္သိန္းကေတာ့ ဘယ္သူနဲ႔မွမတူတဲ့ အသံပါဝါကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ သူမဟာ ျပင္းရွတဲ့ သံစဥ္ေတြကို ပရိသတ္ေတြရဲ႕ ႏွလုံးသားထဲထိေရာက္ေအာင္ အသံပါဝါခပ္‌ေကာင္း‌ေကာင္းနဲ႔သီဆိုတတ္သူမို႔ အားေပးမႈေတြကို တစ္ခဲနက္ရရွိထားတဲ့ ႏိုင္ငံေက်ာ္အဆိုေတာ္တစ္ဦးဆိုရင္လည္းမမွားပါဘူးေနာ္။

ျဖဴျဖဴကို ပရိသတ္ေတြစိတ္ဝင္စားၾကရတဲ့ ေနာက္တခ်က္ကေတာ့ ျဖဴျဖဴရဲ႕အရမ္းလန္းတဲ့ ဖက္ရွင္ဒီဇိုင္းေတြေၾကာင့္ပါပဲ။ ညိဳေခ်ာတစ္ေယာက္ျဖစ္တဲ့အျပင္ သူမ်ားေတြနဲ႔ မတူတဲ့ ဆန္းျပားတဲ့ ဒီဇိုင္းေတြနဲ႔ ပရိသတ္ေတြကို ေကာင္းေကာင္းႀကီး ဖမ္းစားထားႏိုင္တဲ့ အလွဘုရင္မေလးတစ္ေယာက္လည္းျဖစ္ပါေသးတယ္။ သူမဒိုင္လုပ္တဲ့ Myanmar Idol Season 4 ရဲ႕ ၿပိဳင္ပြဲတစ္ေလွ်ာက္လံုးမွာေတာ့ အရမ္းကို လန္းလြန္းၿပီး Creation ေကာင္းေကာင္းနဲ႔ဖန္တီးထားတဲ့ ဖက္ရွင္ေတြနဲ႔ တစ္ပတ္တစ္မ်ိဳးမ႐ိုးရေအာင္ ပရိသတ္ေတြကို ဆြဲေဆာင္ထားႏိုင္ခဲ့ပါတယ္။

ယခုတစ္ပတ္ Rock Night မွာေတာ့ ပရိသတ္ေတြ အံ့ၾသမွင္သက္သြားရေလာက္ေအာင္ အရမ္းကို မိုက္လြန္းတဲ့ ဒီဇိုင္းေလးနဲ႔ ပြဲတက္ခဲ့တာကို ေတြ႕ရမွာပါ။ အနက္ေရာင္ ဂါဝန္ရွည္ႀကီးနဲ႔ ကယန္းဘုရင္မ တစ္ပါးလို လွပတင့္တယ္ေနတဲ့ ျဖဴျဖဴေၾကာင့္ ၾကည့္ရႈသူအားလုံးပါးစပ္အေဟာင္းသားနဲ႔ျဖစ္ခဲ့ရပါတယ္။ ဝတ္စုံက ဆန္းသစ္႐ုံသာမက ဆံပင္စတိုင္က ျမန္မာပရိသတ္ေတြအတြက္ေတာ့ တကယ့္ကို အျမင္ဆန္းၿပီး အသြင္လန္းတဲ့ဒီဇိုင္းမ်ိဳးျဖစ္လို႔‌ေနတာကိုေတြ႕ရပါတယ္ ။ ဆန္းသစ္တဲ့ ဒီဇိုင္းေလးနဲ႔ ျဖဴျဖဴရဲ႕ ခ်စ္စရာပုံေလးကို ကာတြန္းဆရာေတြက အသက္သြင္းထားတာကိုလည္း ေတြ႕ရမွာပါ။ ကဲ… CeleZone ပရိသတ္ႀကီးအတြက္လည္း ျဖဴျဖဴရဲ႕ လူေျပာမ်ားေနတဲ့ အမိုက္စားဒီဇိုင္းနဲ႔ ပုံရိပ္ေလးေတြကို ၾကည့္ၿပီး အား‌ေပးလိုက္ၾကပါအုံးေနာ္။