အနော်ရထာ အပျော်စီးသင်္ဘောကြီးနဲ့ ၆ ရက်တာ သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ်ဗီဒီယိုလေးကို အမှတ်တရဝေမျှလာတဲ့ ယုသန္တာတင်

မင်းသမီးချောလေး ယုသန္တာတင် ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မြန်မြန်ဆန်ဆန် အဝတ်အစားလေးတွေဝတ်ရင် သူမခန္ဓာကိုယ်နဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်း သူဖြစ်ပါတယ်။ 

သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့တဲ့ ဇာတ်ကားတွေပဲဖြစ်ခဲ့ပါတယ်။ ယုသန္တာတင်ဟာ ယနေ့အချိန်ထိ ပင်ကိုယ်အလှတရားတွေအပြည့်နဲ့ နုပျိုနေဆဲဖြစ်ပြီး ချောမောလှပနေတုန်းပါပဲနော်။

ယုက အနုပညာအလုပ်တွေအပြင် ခရီးတွေထွက်ရတာလည်း အရမ်းဝါသနာပါသူလေးဖြစ်တယ်ဆိုတာ ပရိသတ်တွေ သိရှိပြီးဖြစ်ပါတယ်။အခုလည်း အနော်ရထာ အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်နေတာလည်းဖြစ်ပါတယ်။အခုလည်း သူမ သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ်တစ်လျှောက်က အမှတ်တရလေးတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေလည်း ကြည့်ရှုနိုင်စေရန် ဝေမျှထားတာဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာ ရှုခင်းတွေကလည်း အရမ်းလှပြီး ကြည့်ရင်းအပျော်တွေ ကူးစက်မိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Yu Thandar Tin

error: Content is protected !!