ဆုံးပါးသွားတာ (၁၆) နှစ်ရှိခဲ့ပြီဖြစ်တဲ့ မိခင်ကိုသတိတရနဲ့ အမှတ်တရပုံလေးတင်ပြီး ဆုတောင်းစကားပြောခဲ့တဲ့ ဖြိုးလေး

မိစုံဖစုံရှိတဲ့သူတွေဟာ တကယ်ကိုကံကောင်းသူတွေပါ။ မိဘရင်ခွင်မှာခိုလှုံခွင့်မရတဲ့ သားသမီးတွေနဲ့ ဘဝပေးအခြေအနေတွေ ကြောင့် မိဘဆီမရောက်နိုင်ခဲ့တဲ့သားသမီးတွေလည်း ထုနဲ့ဒေးပါပဲ။ ဆုံးပါးသွားတာ (၁၆) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မိခင်အတွက် အမေများနေ့မှာ ဖြိုးလေးက ဆုတောင်းစကားလေးပြောခဲ့ပါတယ်။ သားဖြစ်သူရဲ့အောင်မြင်မှုအတွက်တောင် ဂုဏ်ယူမသွားရရှာဘဲ ဆုံးပါးသွားတာ တကယ်ကိုစိတ်မကောင်းစရာပါ။

 

သို့ပေမယ့်လည်း ကိုယ်တိုင်ကမျက်ကွယ်ပြုသွားရပေမယ့် သားသမီးရဲ့အနာဂတ်လေး ကောင်းမွန်နေတာကြောင့် မေမေလည်း ကျေနပ်နိုင်မှာပါ။ သိပ်ချစ်ရတဲ့ချစ်သူလေးလည်းရှိပြီး အားပေးနေတဲ့ပရိသတ်တွေအများအပြားနဲ့ ဖြိုးလေးရဲ့ ဂီတခရီးလမ်းဟာလည်း အတော်လေးကို ပေါက်ရောက်ခဲ့ပါတယ်။

အမေများနေ့မှာတော့ မိခင်နဲ့ရိုက်ခဲ့ဖူးတဲ့အမှတ်တရပုံလေးကို ” အမေဆုံးသွားတာ (၁၆) နှစ် တောင်ရှိပြီ ရောက်လေရာ ဘဝမှာ ပျော်ရွင်ပါစေ ဒီကနေပဲ ကန်တော့လိုက်ပါတယ် အမေ အမေများနေ့ မှာ ကမ္ဘာပေါ် က အမေတွေ အားလုံးပျော်ရွင်ပါစေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ လူတွေသာမရှိတော့ပေမယ့် အမှတ်တရတွေကတော့ အမြဲတမ်းရှိနေဦးမှာပါ။

Happy – Cele Zone
Photo – Phyo Lay