အမေများနေ့မှာ အေးအေးချမ်းချမ်းနေတတ်တဲ့ အမေ့ရဲ့အကြောင်းကိုပြောပြလာတဲ့ လင်းဇာနည်ဇော်

ပရိသတ်ကြီးရေ လင်းဇာနည်ဇော်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိကိုအနုပညာအလုပ်တွေအလျဉ်းသင့်သလို လုပ်ကိုင်နေပြီး အားလပ်ချိန်တွေမှာတော့ မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းလေ့ရှိပြီး ပျော်ရွှင်စရာတွေကို မျှဝေလ့ရှိပါတယ်။

ဒီနေ့မှာလည်း လင်းဇာနည်ဇော်ကတော့ အမေများနေ့အထိမ်းအမှတ်အနေနဲ့ သူရဲ့ မိခင်ကြီးရဲ့ အကြောင်းတွေထဲက အကြောင်းရာသေးသေးလေးတစ်ခုအကြောင်းကို ပြောပြလာခဲ့ပါတယ်။ “အမေ့အသက်(၇၈)နှစ်ရှိပြီ။ အူမကြီးကင်ဆာနဲ့ခွဲစိတ်ထားတာ(၈)လလောက်ရှိပါပြီ။ဆေးရုံတက်နေတဲ့အချိန်နဲ့ ဆေးရုံဆင်းပြီး(၁)လ(၂)လလောက်သာ သားသမီးတွေအကုန်တော်တော်တောင်းပန်ထားလို့ခဏနားနေလိုက်တယ်၊နည်းနည်းထူထောင်အနာအညှော်ရှောင်လွတ်ချိန်မှစ ခုချိန်ထိ အသက်အရွယ်မေ့ ရောဂါကိုဥပက္ခာပြုပြီး ဘာတွေပဲကြုံလာကြုံလာ ဒီလိုသီချင်းသံလေးနဲ့ပဲ အေးအေးချမ်းချမ်း သားသမီးတွေကိုပေးဆပ်နေတဲ့မေမေ…” ဆိုပြီး အေးအေးဆေးဆေးနေတတ်တဲ့ အမေ့ရဲ့အကြောင်းကို မျှဝေလာခဲ့တာပါ။

ဓာတ်ပုံရိုက်တာတောင်မကြိုက်တဲ့ အမေ့ကိုလည်း ဒီနေ့ သီချင်းတအေးအေးနဲ့ ဟင်းချက်နေတာကို ဗီဒီယိုလေးရိုက်ပြီး တော့လည်း မျှဝေထားပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ လင်းဇာနည်ဇော်ကတော့ အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းတတ်တဲ့ သူ့ရဲ့မိခင်ကြီး ကျန်းကျန်းမာမာ အေးအေးချမ်းချမ်းနဲ့အသက်ရှည်ရှည်လေးနေနိုင်ဖို့ ဆုမွန်ကောင်းတောင်းထားပါသေးတယ်။

Chilli – CeleZone
Source – Lin Zarni Zaw