အရုပ်မလေးလား ထင်မှတ်ရလောက်တဲ့ဟန်ပန်လေးတွေ အပြည့်နဲ့ Tik Tok မှာခေတ်စား​နေတဲ့ ဗီဒီယိုလေးကို ပြန်ဆော့ပြလိုက်တဲ့ ဝတ်မှုန်ရွှေရည်

ကစ်ကစ်လို့ချစ်စနိုးခေါ်ကြတဲ့ ဝတ်မှုန်ရွှေရည် ကတော့ ပရိသတ်လက်ခံအားပေးပြီးသား နာမည်ကြီးအနုပညာရှင် မင်းသမီးချောလေးဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားသူလေးဆိုလည်းမမှားပါဘူး ။ မျက်နှာလေးကအစ ဖြူဖြူစင်စင်နဲ့အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးပါပဲနော် ။ 

သူမရဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေ တစ်ခဲနက် အားပေးကြတာလည်းတွေ့ရပါတယ် ။ ဖက်ရှင်ပိုင်းမှာလည်း ပရိသတ်တွေအမြင်မရိုင်းအောင် ဝတ်ဆင်တတ်သူမို့လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။ ဝတ်ဆင်တဲ့ဖင်ရှင်တိုင်းကလည်း ခေတ်နဲ့အညီ မိမိုက်လွန်းတာကြောင့် ဖက်ရှင်ဘုရင်မလို့တောင်တင်စားကြတာပါ။

ကစ်ကခုနောက်ပိုင်းမှာဆိုရင် tik tok လေးတွေကို အပျော်ဆော့ကာ ပရိသတ်တွေကြည့်ရှုနိုင်စေရန် မကြာခဏဖော်ပြလေ့ရှိပါတယ်။ အခုလည်း tik tok မှာခေတ်စားနေတဲ့ ဗီဒီယိုလေးကို cute ဖြစ်တဲ့ဖက်ရှင်လေးကိုဆင်မြန်းကာ တကယ့်အရုပ်မလေးလားထင်မှတ်ရလောက်အောင် ပြန်လည်သရုပ်ဆောင်ဆော့ပြထားတာတွေ့ရပါတယ်။ ဗီဒီယိုလေးက ချစ်စရာကောင်းလွန်းတာကြောင့် အခါခါပြန်ကြည့်ချင်ရအောင်ပါပဲနော်။ cele zone ပရိသတ်ကြီးအတွက် ကစ်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

@wutthmoneshweyi7Love Story ❤️##wutthomeshweyi ##foryoumyanmartiktok

♬ original sound – Wutt Hmone Shwe Yi(Official)

Yuan – Cele Zone

Photo – Wutt Mhone Shwe Yi