အမေများနေ့လေးမှာ ပရိသတ်တွေမမြင်ဘူးသေးတဲ့ ငယ်စဉ်ကအမှတ်တရပုံလေးတွေထုတ်ပြလိုက်တဲ့ နေဒွေး

ယောင်္ကျားပီသပြီး တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ နေဒွေးကတော့ ကောင်မလေးတွေကြားမှာ နာမည်ကြီးနေသူလေးဖြစ်ပြီး ချစ်ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ အနှပညာရှင်တစ်ယောက်ပါ။မိန်းကလေး ပရိသတ်တွေအများဆုံး သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပြီး တစ်နေ့တစ်ခြားအောင်မြင်မှုတွေရရှိလာတာလည်းတွေ့ရပါတယ်။ 

နေဒွေးက အရင်ထဲက ကြော်ငြာတွေ ဇာတ်ကားတွေနဲ့ သီချင်းဗီဒီယိုတွေ အဆက်မပြတ်ရိုက်ကူးခဲ့ရတာလည်း ဖြစ်ပါတယ်။ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် tik tok လေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာတွေ့ရပြီး လတ်တလော အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အော်ဂဲနစ်ဆန်တွေကို ကိုယ်တိုင် ဖြန့်ဖြူးရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ 

အလုပ်ကြိုးစားတဲ့ နေဒွေးက သူရဲ့မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလေးတစ်ယောက် ဖြစ်ပါတယ်။ဒီနေ့မှာကျရောက်တဲ့ အမေများနေ့လေးမှာတော့ ပရိသတ်တွေမမြင်ဘူးသေးတဲ့ ငယ်စဉ်ကသားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုအမှတ်တရဝေမျှလာတာဖြစ်ပါတယ်။ ပုံလေးတွေနဲ့အတူ “ငယ်ငယ်ထဲကသားအမိ နှစ်ယောက်အမိုက်စားဖလန်းနေကြဆိုတော့ အမေများနေ့မှာStay Home ပဲနေလိုက်တော့တယ်” ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Nay Dway