သမာအာဇီဝကျကျ လမ်းဘေးမှာဈေးရောင်းနေတဲ့ ကလေးတွေကို တတ်နိုင်သလောက် မုန့်ဖိုးတွေပေးပြီးကူညီလိုက်တဲ့ ကိုပေါက်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ ဒီနေ့မှာ လမ်းဘေးမှာဈေးရောင်းပြီး သမာအာဇီဝကျကျ ဝမ်းစာရှာဖွေနေတဲ့ ကလေး(၃)ယောက်ကို တွေ့လို့ သူတတ်နိုင်သလောက်မုန့်ဖိုးပေးပြီး ကူညီပေးခဲ့ပါတယ်။ ကိုပေါက်က ကိုယ်တိုင်လည်း စီးပွားရေးတွေပြေလည်လာချိန်မှာ အလှူအတန်းတွေကို မကြာခဏဆိုသလိုပြုလုပ်နေလေ့ရှိပါတယ်။

အခုတစ်ခေါက်မှာလည်း ကိုပေါက်က လမ်းသွားရင်းသူ့ကိုငုံးဥပြုတ်လာရောင်းတဲ့ ကလေးတွေကို သူတတ်နိုင်သဘောက်ကူညီတဲ့အနေနဲ့ မုန့်ဖိုးပေးလိုက်တာပါ။ ကလေးတွေကိုတွေ့တော့ ကိုပေါက်က “လမ်းဘေးမှာ ရခိုင်မုန့်တီရောင်းခဲ့ရဖူးတယ်။ ဦးလည်းမင်းတို့လိုပဲ ဘုရားပွဲဈေးမှာ ဂစ်မီးခြစ်(တစ်ခါထည့် ၃/-ကျပ်)ထည့်ခဲ့ဖူးတယ်။ဦးလည်းမင်းတို့လိုပဲ ကမ်းနားနေပူပူမှာမှာ လှေဝင်လှေထွက် ပိုက်ဆံကောက်ခဲ့ဖူးတယ်။ဘဝကိုဘယ့်တော့မှ အရှုံးမပေးပါနဲ့။လက်ရှိဘဝက ဒီလောက်ပဲနေမှာပါကွာဆိုပြီး ရေစုန်မျောမချလိုက်ပါနဲ့။” ဆိုပြီး ဘဝကို အရှုံးမပေးဘဲ ကြိုးစားဖို့နဲ့ သူကိုယ်တိုင်လည်း ငယ်စဉ်က ကြမ်းတမ်းတဲ့ ဘဝကို လျှောက်လှမ်းခဲ့ကြောင်းမျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ကိုပေါက်က တကယ်ကြိုးစားတဲ့သူတွေအားလုံး တစ်ချိန်ချိန်မှာ အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ကိုလည်း ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ကိုပေါက်ကတော့ သူကိုယ်တိုင်လည်း ငယ်စဉ်က လမ်းဘေးမှာ ဈေးလိုက်ရောင်းရတဲ့အထိကို အခက်အခဲတွေရှိခဲ့ပြီး ကြိုးစားခဲ့တာကြောင့် အခုလိုအချိန်မှာ အခြေနေတစ်ခုနဲ့ နေနိုင်တာပါတဲ့။

Chilli – CeleZone
Source – Ko Pauk