ဖြတ်သန်းခဲ့တဲ့အနုပညာသက်တမ်းတစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ သက်မွန်မြင့်

ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေမှာပဲအတွေ့များတဲ့သက်မွန်ဟာ သူမရဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ ” ရခဲ့သမျှအရာရာ ” ဇာတ်ကားရဲ့ ရိုက်ကွင်းနောက်ကွယ်က ချစ်စရာအခိုက်အတန့်လေးကို ဝေမျှခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သက်မွန်က ဆယ်တန်းကျောင်းသူလေးအဖြစ်ပါဝင်ခဲ့ပြီး သူမထက် အသက်ကြီးသူတစ်ယောက်ကိုချစ်မိတဲ့ အပျိုဖြန်းလေးရဲ့ သဏ္ဍာန်ကိုအပြည့်အဝပေါ်လွင်စေခဲ့ပါတယ်။

လတ်တလောမှာတော့ဇာတ်ကားကလွှင့်နေဆဲဖြစ်ပြီး အပိုင်း (၄) အထိ ထုတ်လွှင့်ခဲ့ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့ပါ တယ်။ အသက်အရွယ်အရ ဆယ်တန်းကျောင်းသူပုံစံကို သရုပ်ဆောင်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ပေမယ့် သရုပ်ဆောင်တဲ့အချိန်မှာတော့ အံဝင်ခွင်ကျဖြစ်ခဲ့တာကြောင့် ပရိသတ်တွေ သက်မွန်ကိုယ်တိုင်ရော သူမရဲ့ဟန်ပန်အမူအရာကို သဘောကျခဲ့ကြပါတယ်။

ရိုက်ကွင်းပေါ်ကချစ်စရာဗီဒီယိုလေးကို ” ကိုယ့်ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲအမှတ်တရ ရခဲ့သမျှ အရာရာ ” ဆိုပြီး မေမေသက်မွန်က သူမရဲ့လူမှုကွန်ရက်မှာ တင်ထားတာပဲဖြစ်ပါ တယ်။ ဘယ်လိုဇာတ်ရုပ်ကိုပဲလုပ်လုပ် ပီပြင်ပိုင်နိုင်အောင်လုပ်နိုင်တဲ့ သက်မွန်ရဲ့ အနုပညာစွမ်းရည်ကတော့ ပြောမကုန်နိုင်လောက်အောင်ပါပဲ။

Happy – Cele Zone
Photo – Thet Mon Myint