အမေများနေ့မှာ သူ့ရဲ့မေမေနဲ့အတူ ကမ္ဘာပေါ်က အမေတွေအားလုံးအတွက် တောင်းဆုတွေချွေလိုက်တဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ နေခြည်ဦးကတော့ ပရိသတ်တွေရဲကအားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ချီချီကတော့ ဒီနေ့ ပြာသိုလပြည့်နေ့မှာကျရောက်တဲ့ အမေများနေ့အတွက်ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့မေမေအတွက် ဆုမွန်ကောင်းတွေတောင်းပေးလာခဲ့ပါတယ်။

ချီချီကတော့ ဆုမွန်ကောင်းတွေနဲကအတူ သူ့မေမေနဲကအတူရိုက်ကူးထာတဲ့ ပုံလေးတွေကိုလည်း အမှတ်တရအနေနဲ့ ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် “အမေများနေ့မှာ အန်တီဆွေနဲ့အတူ မေမေများအားလုံး ကျန်းမာချမ်းသာပါစေ။ အဆင်ပြေပါစေ အေးချမ်းပါစေ။ Today is a special day. Happy Mother’s Day” ဆိုပြီး ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တွေအားလုံးအတွက်ကိုလည်း ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။

CeleZone ပရိသတ်ကြီးရေ ချီချီကတော့ လတ်တလောမှာ ရိုက်ကူးရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေပေမဲ့လည်း အမေများနေ့မှာတော့ သူရဲ့မေမေနဲ့အတူ အမေတွေအားလုံးအတွက် သတိတရနဲ့ကို ဆုမွန်ကောင်းတွေတောင်းပေးခဲ့တာနော်။ ချီချီရဲ့ မေမေကတော့ သမီးလေးချီချီရဲ့ သိတက်လိမ္မာမှုကြောင့် တကယ်ကို ကျေနပ်ပီတိဖြစ်နေရမှာပဲ။

Chilli – CeleZone
Source – Nay Chi Oo