မိခင်နဲ့အတူရှိခဲ့တဲ့ တစ်ခုတည်းသောအမှတ်တရလေးမရှိတော့လို့ စိတ်မကောင်းဖြစ်တဲ့အကြောင်း ရင်ဖွင့်လာတဲ့ယုန်လေး

သားသမီးတိုင်းဟာ မိဘရင်ခွင်မှာပျော်မွေ့ချင်ကြပါတယ်။ ကံမကောင်းအကြောင်းမလှလို့ မိဘတွေရဲ့ရင်ငွေ့ကိုမခိုလှုံရတဲ့ သားသမီးတွေလည်းရှိကြပါတယ်။ ယုန်လေးကတော့ ငယ်စဉ်ကတည်း မိဘတွေနဲ့အတူတူမနေခဲ့ရဘဲ ဆွေမျိုးတွေရဲ့လက်ပေါ်မှာ ကြီးပျင်းခဲ့ရသူပါ။ အမေများနေနဲ့ အဖေများနေ့တွေလို အထိမ်းအမှတ်နေ့ရောက်တိုင်း မိဘတွေကိုသတိရမိတဲ့ အကြောင်း လူမှုကွန်ရက်မှာ မကြာခဏဆိုသလိုပြောပြတတ်ပါတယ်။

ဒီနေ့ဟာလည်း အမေများနေ့ဖြစ်တာကြောင့် မိခင်နဲ့အမှတ်တရဆိုလို့ ငယ်စဉ်ကအတူတူ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံပဲရှိပြီး ဒီဓာတ်ပုံလေးဟာလည်း ပျောက်သွားတဲ့အကြောင်း ဝမ်းနည်းစွာ ဖွင့်ဟလာခဲ့ပါတယ်။ မိဘတွေမရှိတော့ပေမယ့် ယုန်လေးအနားမှာ အမြဲတမ်း ဖေးမပြီးကူညီပေးတဲ့ မိတ်ဆွေကောင်းတွေရှိတာမို့ ယုန်လေးအတွက်တော့ အဆိုးထဲက အကောင်းပါပဲ။

အမေများနေ့အတွက်ခံစားချက်ကို ” အမေများနေ့ ဆိုလား အမေနဲ့ နှစ်ယောက်ထဲပုံက ဘဝမှာ တစ်ပုံထဲရှိတယ် အဲ့ပုံတောင် ဖုန်းပျက်သွားတော့ပျောက်သွားတယ် Memory ထဲ ပြန်ရှာနေတာ ကို လိုင်းကမကောင်း ရှာလို့မတွေ့ ဘဝရယ် ကျွန်တော့်ရဲ့ အနုပညာမောင်နှမအရင်းတွေရဲ့  ချစ်စရာ အန်တီအမေများအားလုံး Happy Mother Day ပါ ” ဆိုပြီး ပြောခဲ့ပါတယ်။

Happy – Cele Zone
Photo – Yone Lay