ဂီတကိုဝါသနာပါပြီး မေမေ့ကိုမရမက ဂစ်တာဝယ်ခိုင်းနေတဲ့ ချောရတနာရဲ့သားလေး

Posted on

အနုပညာအမွေဆိုတာ လက်ဆင့်ကမ်းလို့ကောင်းတဲ့အရာတွေထဲက တစ်ခုအပါအဝင်ပေါ့ ပရိသတ်ကြီးရေ။ အနုပညာအလုပ် တွေသိပ်မလုပ်တော့ပဲ မိသားစုကိုပဲအချိန်ပေးနေတဲ့ မေမေချောရတနာရဲ့သားအကြီးလေးကတော့ မေမေ့သွေးပါတယ် ပြောရမလားပဲနော် ဂစ်တာမတီးတတ်သေးတာတောင် ဂစ်တာကိုင်ပြီးဒေါင်ဒေါင်ဒင်ဒင်တီးကာ မေမေ့ကိုလည်း ဂစ်တာ အကြီးဝယ်ခိုင်းနေပါသတဲ့။

မေမေကတော့ အနုပညာသမားပီပီ သားလေးလည်းအနုပညာနဲ့ပက်သက်ပြီးဝါသနာပါတာ မြင်တော့ တပြုံးပြုံးပါပဲ။ ချစ်စရာ ကောင်းတဲ့သားလေးတစ်ယောက် ဂစ်တာကိုင်ပြီးမတီးတတ်တီးတတ် တီးနေတာလေးကို ကြည်နူးပြီး Video လေး ရိုက်ကာ လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သားလေးကတော့ မေမေ့ခြေရာနင်းမှာလားဆိုတာတော့ စောင့်မျှော်ရမှာပေါ့နော်။

သားလေးရဲ့ Video လေးကို ” သူ့ဝါသနာ ဂစ်တာအကြီးကို ပဲတီးချင်တာတဲ့ မရမကဝယ်ခိုင်းတယ် ကြီးရင်တော့ဘာဖြစ်မလဲ မသိ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သားလေး ကတော့ ဂစ်တာကိုဖက်ထားလိုက်တာ မြတ်မြတ်နိုးနိုး နဲ့ပါပဲ။ ကြီးလာရင်တော့ ဂီတကိုပဲ ဝါသနာပါမလား မေမေ့လိုပဲသရုပ်ဆောင်ဖြစ်မလားမသိဘူးနော်။

Video / Photo – Chaw Yadanar
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone