(၁၀)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အနေနဲ့ လမ်းအလှူလေးပြုလုပ်ခဲ့တဲ့ ခင်ဘုဏ်းတို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်ခင်ဘုဏ်းတို့ ဇနီးမောင်နှံကတော့ မနေ့က ဇန်နဝါရီလ (၂၅)ရက်နေ့လေးမှာ မင်္ဂလာသက်တမ်း(၁၀)နှစ်ပြည့်မြောက်ခဲ့ပါတယ်။ ခင်ဘုဏ်းကတော့ လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲကအတူ အမေရိကန်နိုင်ငံမှာနေထိုင်နေပြီး မိသားစုနဲ့အတူ သူ့ရဲ့အချိန်တွေကိုပျော်ရွှင်စွာဖြတ်သန်းနေခဲ့ပါတယ်။

ဒီနေ့မှာတော့ ခင်ဘုဏ်းက မနေ့ကကျရောက်တဲ့ မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေနဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ ပြင်ဦးလွင်မြို့ သန္တိသုခတောရရိပ်သာမှာ လမ်းအလှူလေးအတွက် တတ်နိုင်သလောက်လှူဒါန်းတဲ့ အနေနဲ့ (၁)သိန်းကျပ်ကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလို မထင်မှတ်ပဲ မင်္ဂလာနှစ်ပတ်လည်အလှူလေးကို ပြုလုပ်ခွင့်ရတဲ့ အတွက်လည်း ခင်ဘုဏ်းကဝမ်းသာပီတိဖြစ်ကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲမျှဝေဖော်ပြလာခဲ့တာပါ။

“မထင်မှတ်ထားပဲ လမ်းအလှုုလေး တစ်ခုကို ဆယ်နှစ်ပြည့်အမှတ်တရ အဖြစ် အများကြီး မဟုတ်ပေမယ့် ပါဝင် လှုုဒါန်း လိုက်ရတာ ဝမ်းမြောက်မိ” ဆိုပြီး ပရိသတ်တွေလည်း သူတို့ရဲ့အလှူလေးကို သာဓုခေါ်ဆိုလို့ရအောင်မျှဝေဖော်ပြထားခဲ့တာပါ။CeleZone ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်ခင်ဘုဏ်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Source – Khin Bone Kyi