သမီးငယ်လေး Alison ရဲ့ အသက် (၁) နှစ်ပြည့်မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ကြတဲ့ သရုပ်ဆောင် ဇူးဇူးမောင်တို့မိသားစုရဲ့ဗီဒီယို

အမေရိကမှာမိသားစုနဲ့အခြေချနေထိုင်နေပြီဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင်ဇူးဇူးမောင်ဟာ သမီးငယ်လေး Alison ရဲ့ အသက် (၁) နှစ်ပြည့်မွေးနေ့ပွဲကို မိသားစုလေးယောက်အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလေးကို ဝေမျှခဲ့ပါတယ်။ သမီးလေးနှစ်ယောက်ကို မြန်မာပြည်ရဲ့အလှအပတွေနဲ့ ယဉ်ကျေးမှုတွေကိုပြချင်ပေမယ့် လတ်တလောမှာတော့ အဆင်မပြေသေးတာကြောင့် အမေရိကမှာပဲ နေနေခဲ့ပါသေးတယ်။

ပျော်စရာမိသားစုဘဝလေးမှာ အေးချမ်းနေခဲ့ပြီးနောက် သူမရဲ့ကိုယ်ပိုင်စီးပွားရေးအဖြစ် Online Shop လေးတစ်ခုလည်း တည်ထောင်ခဲ့ပါတယ်။ သူမဘာပဲလုပ်လုပ် ခင်ပွန်းဖြစ်သူက အမြဲတမ်းအားပေးပြီး ဂရုစိုက်ပေးတာကြောင့် ဇူးဇူးမောင်ရဲ့ အိမ်ထောင်ရှင်ဘဝဟာ ကျေနပ်စရာအပြည့်ဖြစ်ခဲ့ပါတယ်။ ချစ်သမီးလေးနှစ်ယောက်ဟာလည်း ဖေဖေ မေမေတို့ရဲ့ အလှအပတွေကိုအမွေရထားသူလေးတွေမို့ အရမ်းကိုချစ်ဖို့ကောင်းလွန်းပါတယ်။

သမီးငယ်လေး Alison ရဲ့မွေးနေ့ပွဲအမှတ်တရ ဗီဒီယိုလေးကို ” Alison လေး (၁) နှစ်ပြည့် Birthday အမှတ်တရ Alison လေးနဲ့ မွေးနေ့တူအားလုံးကို Happy Birthday ပါရှင် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာသမီးချောလေးနှစ်ယောက်ကတော့ ဖေဖေမေမေတို့နဲ့အတူ ကျင်းပခဲ့တဲ့ဒီမွေးနေ့လေးမှာ ပျော်မဆုံးဖြစ်နေခဲ့ကြပါတယ်။ Happy Birthday ပါ Alison လေးရေ။

Happy – Cele Zone
Photo – ACC Channel by Alison, Chloe & Cho