အသဲကွဲသီချင်းလေးတစ်ပုဒ် ထပ်မံထွက်ရှိလာအူးမယ့် X -Boxin

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် X – Boxin ကရော သီချင်းလေးတစ်ပုဒ်ထပ်မံထွက်ရှိလာဖို့ရှိတဲ့ အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ X-Boxin ကတော့ ဒီရက်ပိုင်းအတွင်းမှာ သီချင်းတွေဆက်တိုက်ဆိုသလို ထွက်ရှိနေခဲ့ပြီး ထွက်ရှိလာသမျှသီချင်းတိုင်းကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျနေခဲ့ပါတယ်။

X-Boxin ကတော့ ဖျော်ဖြေရေးပွဲတွေ မရှိတဲ့ အခုလိုကာလမှာ အပြည့်အဝကိုကြိုးစားပြီး ပရိသတ်တွေအတွက် သီချင်းတစ်အသစ်တွေကို တစ်ပုဒ်ပြီးတစ်ပုဒ်ကိုဖန်တီးနေခဲ့တာပါ။ အခက်အခဲတွေကြားထဲကနေ ပရိသတ်တွေ မပျင်းရအောင် သီချင်းကောင်းတွေထွက်ရှိအောင် စွမ်းဆောင်နေခဲ့ပြီး မကြာခင်အချိန်မှာလည်း နောက်ထပ်ထွက်ရှိလာမယ့် သီချင်းလေးကတော့ အသဲကွဲသီချင်းလေးပါပဲတဲ့။

သီချင်းလေးရဲ့ နာမည်ကိုလည်း “အသည်းထပ်ကွဲရဦးမယ်” လို့ နာမည်ပေးထားကြောင်းသိရှိရပြီး အသဲကွဲသီချင်းတွေရေးတဲ့ နေရာမှာ သူမတူအောင် စာသားတွေကို ဖန်တီးနိုင်တဲ့ တေးရေးတေးဆို ဝေကြီးနဲ့အတူ ဖန်တီသွားမှာပါတဲ့။ CeleZone ပရိသတ်ကြီးရေ ဒီသီချင်းလေးကတော့ တကယ်ကိုမှ ရင်ထဲထိတဲ့ အသဲကွဲသီချင်းတစ်ပုဒ်ဖြစ်လာမှာတော့ အသေအချာပါပဲနော်။

Chilli – CeleZone
Source – X- Boxin