နှစ်သစ်အလှူလေးအနေနဲ့ မာမီကွတ် ဖောင်ဒေးရှင်းမှာ အလှူငွေတွေလှူဒါန်းခဲ့တဲ့ ဖွေးဖွေး

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ဖွေးဖွေးကတော့ ဒီနေ့မှာ မာမီကွတ်ဖောင်ဒေးရှင်းအတွက် အလှူငွေတွေ လှူဒါန်းပေးခဲ့ပါတယ်။ ဖွေးဖွေးကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေကို အခါအခွင့်သင့်ရင်သင့်သလို လှူဒါန်းပေးလေ့ရှိတဲ့ စေတနာထက်သန်လှတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း ဖွေးဖွေးက မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များနဲ့ မွေးစကလေးငယ်များ သူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်းရဲ့ ကူညီထောက်ပံ့မှုလုပ်ငန်းဆောင်ရွက်ရာမှာ အသုံပြုနိုင်ရန်အတွက် အလှူငွေ (၉)သိန်းကျပ်တိတိကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဖွေးလေးကတော့ အခုအလှူလေးကိုနှစ်သစ်အလှူလေးအနေနဲ့ လှူဒါန်းပြုလုပ်ခဲ့တာပါ။

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေးဖွေးဖွေးရဲ့ အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေက ဖွေးဖွေးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Source – Phway Phway

error: Content is protected !!