မိုးလေ၀သပညာရှင် ဦးထွန်းလွင်ရဲ့ ရုပ်ကလာပ်ကိုကိုယ်တိုင်ကားမောင်းပြီးသယ်ကာ သုသာန်ကို လိုက်ပို့ပေးခဲ့တဲ့ ကျော်သူ ရုပ်/သံ

Posted on

ဒီရက်ပိုင်းမှာ မြန်မာတစ်နိုင်ငံလုံးကလူတွေအတွက် စိတ်မကောင်းစရာ သတင်းဆိုးတစ်ခုကတော့ မိုးလေ၀သနဲ့ ဇလဗေဒပညာရှင် ဆရာကြီးဦးထွန်းလွင်ကွယ်လွန်သွားခဲ့တာပါပဲ။ ဒီသတင်းနဲ့ပတ်သတ်ပြီး ပြည်သူတွေလည်း အရမ်းပဲနှမြောတသ စိတ်မကောင်းဖြစ်ရသလို အနုပညာရှင်တေွလည်း ကြေကွဲ၀မ်းနည်းခဲ့ကြရပါတယ်။ နာရေးကူညီမှုအသင်းကို တည်ထောင်ထားတဲ့ ကျော်သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ခဲ့ရပြီး သူကိုယ်တိုင်ပဲ ဆရာကြီးရဲ့ အလောင်းကို ကားမောင်းပြီးသယ်ကာ ရေဝေးသုသာန်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

 

ဒီသတင်းနဲ့ ပတ်သတ်ပြီးတော့ နာရေးကူညီမှုအသင်း ရန်ကုန် Pageမှာ ဖော်ပြထားတာတွေကတော့ ” မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ မိုး/ဇလညွန်ကြားရေးမှုဦးစီးဌာန CEO, Myanmar Climate Change Watch အသက်(၇၂)နှစ်၏ ဈာပနအခမ်းအနားအား ယနေ့ ညနေ(၄း၀၀)အချိန်တွင် ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့ပါသည်။ ကွယ်လွန်သူ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်၏ ရုပ်ခန္ဓာအား သုဝဏ္ဏမြို့နယ်ရှိ နေအိမ်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ၊ ဒု – ဥက္ကဋ္ဌ ဆရာမဒေါ်သန်းမြင့်အောင် နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ နိဗ္ဗာန်ယာဉ်ဖြင့် သွားရောက်သယ်ဆောင်ကာ အသင်းသူ/သားများနှင့်အတူ ပို့ဆောင်ခဲ့ကြသည်။” ဆိုပြီးတော့ နာရေးကူညီမှုအသင်းသားတွေနဲ့ ကျော်သူကိုယ်တိုင်လိုက်ပါပို့ဆောင်ခဲ့တယ်လို့ ဆိုထားတာ တွေ့ရပါတယ်။

 

” မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင်၏ နောက်ဆုံးခရီးအား မိသားစုများ ၊ ဆွေမျိုးများနှင့်အတူ တစ်နိုင်ငံလုံးရှိ ပြည်သူများက ဝမ်းနည်းကြေကွဲစွာ လိုက်ပါပို့ဆောင်ခဲ့ကြသည်။မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင် ကောင်းရာသုဂတိလားပါစေကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဆုတောင်းရင်း ကန်တော့လိုက်ရပါသည်။ ” ဆိုပြီးတော့လည်း ဆရာကြီးကိုနှမြောတသကြောင်း ၀မ်းနည်းကြောင်းရေးသားထားခဲ့ပါတယ်။ ကဲ… ဆရာကြီးနဲ့ ပတ်သတ်ပြီး ဒါရိုက်တာတစ်ဖြစ်လဲ မင်းသားကြီးကျော်သူပြောပြထားတာလေးတွေကိုတော့ အောက်က ဗီဒီယိုလေးမှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ် ချစ်ပရိသတ်တို့ရေ…

 

 

Source : နာရေးကူညီမှုအသင်း ရန်ကုန်
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

 

မိုးေလ၀သပညာရွင္ ဦးထြန္းလြင္ရဲ႕ ႐ုပ္ကလာပ္ကိုကိုယ္တိုင္ကားေမာင္းၿပီးသယ္ကာ သုသာန္ကို လိုက္ပို႔ေပးခဲ့တဲ့ ေက်ာ္သူ ႐ုပ္/သံ

 

 


ဒီရက္ပိုင္းမွာ ျမန္မာတစ္ႏိုင္ငံလုံးကလူေတြအတြက္ စိတ္မေကာင္းစရာ သတင္းဆိုးတစ္ခုကေတာ့ မိုးေလ၀သနဲ႔ ဇလေဗဒပညာရွင္ ဆရာႀကီးဦးထြန္းလြင္ကြယ္လြန္သြားခဲ့တာပါပဲ။ ဒီသတင္းနဲ႔ပတ္သတ္ၿပီး ျပည္သူေတြလည္း အရမ္းပဲႏွေျမာတသ စိတ္မေကာင္းျဖစ္ရသလို အႏုပညာရွင္ေတြလည္း ေၾကကြဲ၀မ္းနည္းခဲ့ၾကရပါတယ္။ နာေရးကူညီမႈအသင္းကို တည္ေထာင္ထားတဲ့ ေက်ာ္သူကိုယ္တိုင္လည္း စိတ္မေကာင္းျဖစ္ခဲ့ရၿပီး သူကိုယ္တိုင္ပဲ ဆရာႀကီးရဲ႕ အေလာင္းကို ကားေမာင္းၿပီးသယ္ကာ ေရေဝးသုသာန္ကို ပို႔ေဆာင္ေပးခဲ့ပါတယ္။

ဒီသတင္းနဲ႔ ပတ္သတ္ၿပီးေတာ့ နာေရးကူညီမႈအသင္း ရန္ကုန္ Pageမွာ ေဖာ္ျပထားတာေတြကေတာ့ ” မိုးေလဝသႏွင့္ ဇလေဗဒပညာရွင္ ေဒါက္တာဦးထြန္းလြင္ ၫႊန္ၾကားေရးမႉးခ်ဳပ္ (ၿငိမ္း)၊ မိုး/ဇလၫြန္ၾကားေရးမႈဦးစီးဌာန CEO, Myanmar Climate Change Watch အသက္(၇၂)ႏွစ္၏ ဈာပနအခမ္းအနားအား ယေန႔ ညေန(၄း၀၀)အခ်ိန္တြင္ ေရေဝးသုႆန္တြင္ ျပဳလုပ္ခဲ့ပါသည္။ ကြယ္လြန္သူ မိုးေလဝသႏွင့္ ဇလေဗဒပညာရွင္ ေဒါက္တာဦးထြန္းလြင္၏ ႐ုပ္ခႏၶာအား သုဝဏၰၿမိဳ႕နယ္ရွိ ေနအိမ္မွ ေရေဝးသုႆန္သို႔ နာေရးကူညီမႈအသင္း(ရန္ကုန္) ဥကၠ႒ ဦးေက်ာ္သူ ၊ ဒု – ဥကၠ႒ ဆရာမေဒၚသန္းျမင့္ေအာင္ ႏွင့္ အတြင္းေရးမႉး ေဒၚေ႐ႊဇီးကြက္တို႔မွ နိဗၺာန္ယာဥ္ျဖင့္ သြားေရာက္သယ္ေဆာင္ကာ အသင္းသူ/သားမ်ားႏွင့္အတူ ပို႔ေဆာင္ခဲ့ၾကသည္။” ဆိုၿပီးေတာ့ နာေရးကူညီမႈအသင္းသားေတြနဲ႔ ေက်ာ္သူကိုယ္တိုင္လိုက္ပါပို႔ေဆာင္ခဲ့တယ္လို႔ ဆိုထားတာ ေတြ႕ရပါတယ္။

” မိုးေလဝသႏွင့္ ဇလေဗဒပညာရွင္ ေဒါက္တာ ဦးထြန္းလြင္၏ ေနာက္ဆုံးခရီးအား မိသားစုမ်ား ၊ ေဆြမ်ိဳးမ်ားႏွင့္အတူ တစ္ႏိုင္ငံလုံးရွိ ျပည္သူမ်ားက ဝမ္းနည္းေၾကကြဲစြာ လိုက္ပါပို႔ေဆာင္ခဲ့ၾကသည္။မိုးေလဝသႏွင့္ ဇလေဗဒပညာရွင္ ေဒါက္တာဦးထြန္းလြင္ ေကာင္းရာသုဂတိလားပါေစေၾကာင္း နာေရးကူညီမႈအသင္း(ရန္ကုန္)မွ မိသားစုမ်ားႏွင့္အတူ ထပ္တူထပ္မွ် ဆုေတာင္းရင္း ကန္ေတာ့လိုက္ရပါသည္။ ” ဆိုၿပီးေတာ့လည္း ဆရာႀကီးကိုႏွေျမာတသေၾကာင္း ၀မ္းနည္းေၾကာင္းေရးသားထားခဲ့ပါတယ္။ ကဲ… ဆရာႀကီးနဲ႔ ပတ္သတ္ၿပီး ဒါ႐ိုက္တာတစ္ျဖစ္လဲ မင္းသားႀကီးေက်ာ္သူေျပာျပထားတာေလးေတြကိုေတာ့ ေအာက္က ဗီဒီယိုေလးမွာ ၀င္ေရာက္ၾကည့္ရႈႏိုင္ပါတယ္ ခ်စ္ပရိသတ္တို႔ေရ…