ထိုင်းနာမည်ကြီးဟာသသရုပ်ဆောင် Kohtee (ပန်ကိတ်)နဲ့အတူ ဗီဒီယိုအတိုလေး ရိုက်ကူးခဲ့တဲ့ ဂျိုကာ

Posted on

ဟာသ Video အတိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေရဲ့အားပေးမှုကိုရရှိလာခဲ့တဲ့ သရုပ်ဆောင် ဂျိုကာတစ်ယောက် ထိုင်းနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင် ပန်ကိတ်နဲ့ရိုက်ကွင်းပေါ်မှာဆုံတွေ့တုန်း ဗီဒီယိုအတိုလေးရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ နှစ်ယောက်သားအပြန်အလှန် ထိုင်းလိုတွေရော မြန်မာလိုတွေရောပြောနေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ပန်ကိတ်က ” Oh My Ghost ” ဇာတ်ကားတွေနဲ့ ပရိသတ်တွေကိုရယ်မောစေခဲ့သူတစ်ယောက်ပါပဲ။

အပြင်မှာလည်းချစ်ဖို့ကောင်းတဲ့ပုံလေးနဲ့ ဂျိုကာကိုလည်းထိုင်းလိုတွေပြောနေခဲ့ပါသေးတယ်။ ဂျိုကာတစ်ယောက်နားမလည် သော်ငြား ဟန်လုပ်ကာသိသလိုဟန်ဆောင်နေခဲ့ပုံကရယ်ချင်စရာပါ။ ဂျိုကာဟာဆိုရင်လည်း အကိုဖြစ်သူ အဆိုတော် ရဲလေးနဲ့ အတူ ဟာသဗီဒီယိုလေးတွေလုပ်ပြီး ပရိသတ်တွေကိုရယ်မောအောင် လုပ်တတ်သူတစ်ယောက်ပါပဲ။

နှစ်ယောက်သားရိုက်ကူးထားတဲ့ ဗီဒီယိုအတိုလေးကို ” Kohtee (Pancake) နဲ့ Joker တို့တွေ့ဆုံကြရာဝယ် ” ဆိုပြီး တင်ထား တာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့နာမည်ကြီးဟာသ သရုပ်ဆောင်နဲ့ မြန်မာနိုင်ငံရဲ့နာမည်ကြီး ဟာသသရုပ်ဆောင်တို့ နှစ်ယောက်သားပေါင်းပြီး ပရိသတ်တွေကို ဘယ်လိုရယ်မောစရာအသစ်တွေဖန်တီးပေးမလဲဆိုတာတော့ ရင်ခုန်နေပါပြီနော်။

Video / Photo – Wai Yan Tun Min
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ထိုင္းနာမည္ၾကီးဟာသသရုပ္ေဆာင္ Kohtee (ပန္ကိတ္)နဲ႔အတူ ဗီဒီယိုအတိုေလး ရိုက္ကူးခဲ့တဲ့ ဂ်ိဳကာ ”

ဟာသ Video အတိုေလးေတြရိုက္ကူးျပီး ပရိသတ္ေတြရဲ႕အားေပးမႈကိုရရွိလာခဲ့တဲ့ သရုပ္ေဆာင္ ဂ်ိဳကာ တစ္ေယာက္ ထိုင္းႏိုင္ငံရဲ႕ နာမည္ၾကီးသရုပ္ေဆာင္ ပန္ကိတ္နဲ႔ရိုက္ကြင္းေပၚမွာဆံုေတြ႕တုန္း ဗီဒီယိုအတိုေလး ရိုက္ကူးခဲ့တာပဲျဖစ္ပါတယ္။ ႏွစ္ေယာက္သားအျပန္အလွန္ ထိုင္းလိုေတြေရာ ျမန္မာလိုေတြေရာေျပာေနခဲ့တာပဲျဖစ္ပါ တယ္။ ခ်စ္ဖို႔ေကာင္းတဲ့ပန္ကိတ္က ” Oh My Ghost ” ဇာတ္ကားေတြနဲ႔ ပရိသတ္ေတြကိုရယ္ေမာေစခဲ့သူတစ္ေယာက္ပါပဲ။

အျပင္မွာလည္းခ်စ္ဖို႔ေကာင္းတဲ့ပံုေလးနဲ႔ ဂ်ိဳကာကိုလည္းထိုင္းလိုေတြေျပာေနခဲ့ပါေသးတယ္။ ဂ်ိဳကာ တစ္ေယာက္နားမလည္ေသာ္ျငား ဟန္လုပ္ကာသိသလိုဟန္ေဆာင္ေနခဲ့ပံုကရယ္ခ်င္စရာပါ။ ဂ်ိဳကာဟာဆိုရင္လည္း အကိုျ ဖစ္သူ အဆိုေတာ္ရဲေလးနဲ႔အတူ ဟာသဗီဒီယိုေလးေတြလုပ္ျပီး ပရိသတ္ေတြကိုရယ္ေမာေအာင္ လုပ္တတ္သူ တစ္ေယာက္ပါပဲ။

ႏွစ္ေယာက္သားရိုက္ကူးထားတဲ့ ဗီဒီယိုအတိုေလးကို ” Kohtee (Pancake) နဲ႔ Joker တို႔ေတြ႕ဆံုၾကရာဝယ္ ” ဆိုျပီး တင္ထားတာပဲျဖစ္ပါတယ္။ ထိုင္းႏိုင္ငံရဲ႕နာမည္ၾကီးဟာသ သရုပ္ေဆာင္နဲ႔ ျမန္မာႏိုင္ငံရဲ႕နာမည္ၾကီး ဟာသသရုပ္ေဆာင္တို႔ႏွ စ္ေယာက္သားေပါင္းျပီး ပရိသတ္ေတြကို ဘယ္လိုရယ္ေမာစရာအသစ္ေတြဖန္တီးေပးမလဲဆိုတာေတာ့ ရင္ခုန္ေနပါျပီ ေနာ္။

Video / Photo – Wai Yan Tun Min
Happy – Cele Zone