အိမ်‌‌ထောင်သက်တမ်း ၁၅ နှစ်ပြည့်သွားခဲ့သည့်တိုင်အောင် အချစ်မပျက်တဲ့ လူမင်းတို့ ဇနီးမောင်နှံ

Posted on

အနုပညာလောကရဲ့ နာမည်ကြီးမင်းသားတစ်ဥိီးဖြစ်တဲ့ အပြင်အကြီးအကဲတစ်ဥိီးလည်းဖြစ်တဲ့ ဒါရိုက်တာ မင်းသား လူမင်းကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။ သရုပ်ဆောင်ပိုင်းမှာတော့ ပြောစရာမလိုအောင် အကယ်ဒမီဆုတွေကိုလည်း ပိုင်ဆိုင်ထားပြီး အမာခံပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ ဇာတ်ကားကောင်းတွေထွက်ရှိလာနိုင်ဖို့ ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

လတ်တလောမှာ ဆိုရင်လည်း အရမ်းကို တာဝန်ကြီးလွန်းတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။ အလုပ်မှာ ဘယ်လောက်စိတ်ဖိစီးမှုတွေများများ အိမ်ပြန်ရောက်ရင် ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ ချစ်ဇနီးလေးကြောင့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင်နိုင်တဲ့ လူမင်းတို့ မိသားစုလေးကိုတော့ အားမကျရတဲ့ သူမရှိပါဘူး။ ကျရှုံးချိန်တိုင်း လဲကျချိန်တိုင်းမှာ အနားမှာ အမြဲအတူရှိနေပေးတဲ့ အိမ်သူသက်ထားလေးကြောင့် သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။

ပွဲတိုင်းလိုလိုမှာ ချစ်ဇနီးရဲ့လက်ကို ဝင့်ကြွားစွာ ဆွဲပြီးအမြဲတက်ရောက်‌လေ့ရှိတဲ့ လူမင်းတို့ ဇနီး‌မောင်နှံရဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကြားမှာတော့ အားကျချင်စရာစုံတွဲလေးအဖြစ် နာမည်ကြီးလို့‌ေနပါတယ်။ အခုဆိုရင် လိမ္မာပြီး အရမ်းထက်မြတ်တဲ့ သားသားမီးမီးလေးတွေကို ပိုင်ဆိုင်ထားသည်တိုင် နှစ်ယောက်သားအတူလက်တွဲခဲ့တာဆိုရင် အိမ်‌ထောင်သက်တမ်း (၁၅)နှစ်တောင် ပြည့်ခဲ့ပါပြီ။ ဒီတော့  လူမင်းတို့ရဲ့  အားကျစရာကောင်းတဲ့ (၁၅)နှစ်ပြည့် အိမ်ထောင်သက်တမ်းလေးကို ဂုဏ်ပြုတဲ့အနေနဲ့ Celezone ပရိသတ်ကြီးတို့အတွက် အမှတ်တရရေးသားဖော်ပြပေးလိုက်ပါတယ်နော်…

Source : Ayarwady Lu Min
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

အိမ္‌‌ေထာင္သက္တမ္း ၁၅ ႏွစ္ျပည့္သြားခဲ့သည့္တိုင္ေအာင္ အခ်စ္မပ်က္တဲ့ လူမင္းတို႔ ဇနီးေမာင္ႏွံ

 


အႏုပညာေလာကရဲ႕ နာမည္ႀကီးမင္းသားတစ္ဥိီးျဖစ္တဲ့ အျပင္အႀကီးအကဲတစ္ဥိီးလည္းျဖစ္တဲ့ ဒါ႐ိုက္တာ မင္းသား လူမင္းကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈေတြ အခ်စ္ေတြကို ပိုင္ဆိုင္ထားတဲ့ သူတစ္ေယာက္ပါ။ သ႐ုပ္ေဆာင္ပိုင္းမွာေတာ့ ေျပာစရာမလိုေအာင္ အကယ္ဒမီဆုေတြကိုလည္း ပိုင္ဆိုင္ထားၿပီး အမာခံပရိသတ္ေတြရဲ႕ အားေပးမႈေတြနဲ႔ ဇာတ္ကားေကာင္းေတြထြက္ရွိလာႏိုင္ဖို႔ ႀကိဳးစားေနတာကို ျမင္ေတြ႕ရမွာပါ။

လတ္တေလာမွာ ဆိုရင္လည္း အရမ္းကို တာဝန္ႀကီးလြန္းတဲ့ ႐ုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္တဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးေနတာျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အထူးစိတ္ဝင္စားမႈကို ခံေနရတာျဖစ္ပါတယ္။ အလုပ္မွာ ဘယ္ေလာက္စိတ္ဖိစီးမႈေတြမ်ားမ်ား အိမ္ျပန္ေရာက္ရင္ ခ်စ္စရာေကာင္းတဲ့ သားသားမီးမီးေလးေတြနဲ႔ ခ်စ္ဇနီးေလးေၾကာင့္ အလုပ္ေတြကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားလုပ္ကိုင္ႏိုင္တဲ့ လူမင္းတို႔ မိသားစုေလးကိုေတာ့ အားမက်ရတဲ့ သူမရွိပါဘူး။ က်ရႈံးခ်ိန္တိုင္း လဲက်ခ်ိန္တိုင္းမွာ အနားမွာ အၿမဲအတူရွိေနေပးတဲ့ အိမ္သူသက္ထားေလးေၾကာင့္ သာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူပါ။

ပြဲတိုင္းလိုလိုမွာ ခ်စ္ဇနီးရဲ႕လက္ကို ဝင့္ႂကြားစြာ ဆြဲၿပီးအၿမဲတက္ေရာက္‌ေလ့ရွိတဲ့ လူမင္းတို႔ ဇနီး‌ေမာင္ႏွံရဲ႕ ပုံရိပ္ေလးေတြက ပရိသတ္ေတြၾကားမွာေတာ့ အားက်ခ်င္စရာစုံတြဲေလးအျဖစ္ နာမည္ႀကီးလို႔‌ေနပါတယ္။ အခုဆိုရင္ လိမၼာၿပီး အရမ္းထက္ျမတ္တဲ့ သားသားမီးမီးေလးေတြကို ပိုင္ဆိုင္ထားသည္တိုင္ ႏွစ္ေယာက္သားအတူလက္တြဲခဲ့တာဆိုရင္ အိမ္‌ေထာင္သက္တမ္း (၁၅)ႏွစ္ေတာင္ ျပည့္ခဲ့ပါၿပီ။ ဒီေတာ့ လူမင္းတို႔ရဲ႕ အားက်စရာေကာင္းတဲ့ (၁၅)ႏွစ္ျပည့္ အိမ္ေထာင္သက္တမ္းေလးကို ဂုဏ္ျပဳတဲ့အေနနဲ႔ Celezone ပရိသတ္ႀကီးတို႔အတြက္ အမွတ္တရေရးသားေဖာ္ျပေပးလိုက္ပါတယ္ေနာ္…