အငိုခန်းကိုမှဝါသနာပါလွန်းတဲ့တူမလေးအတွက် အတူတူလိုက်ငိုရင်းသရုပ်ဆောင်ပေးနေရတဲ့ ခြူလေးရဲ့ဗီဒီယို

ကလေးတွေဟာ အတုမြင်အတတ်သင်တတ်ပါတယ်။ ခြူလေးရဲ့တူမလေးကလည်း အဒေါ်ဖြစ်သူက သရုပ်ဆောင်တစ်ယောက် ဖြစ်တာကြောင့် မြင်ရကြားရဖန်များလာတဲ့အခါ အဒေါ်လိုပဲ အနုပညာပိုးဝင်သွားခဲ့ပါတယ်။ ငိုတဲ့အခန်းတွေကိုသရုပ်ဆောင်ချင် တာကြောင့် အဒေါ်ဖြစ်သူကို ရှေ့ကငိုခိုင်းပြီး သူကအနောက်ကလိုက်ငိုတဲ့ အလည်လေးရဲ့ဗီဒီယိုကို ခြူးလေးကဝေမျှခဲ့ပါတယ်။

ဒီလိုချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်ရှိတာလည်း တစ်အိမ်လုံးမပျင်းရတော့ပါဘူး။ ချစ်စရာတူမလေးရဲ့ ဟန်ပန်လေး တွေဟာ တကယ်ကိုဖြူစင်ပြီးအသည်းယားစရာကောင်းပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း Tik Tok သီချင်းဖွင့်ပေးလိုက် တာနဲ့ ကကွက်တွေကို သင်ပေးစရာမလိုအောင်တတ်နေပြီး သီချင်းသံစည်းချက်နဲ့အညီလိုက်ကနေပုံလေးက ချစ်စရာကောင်းလွန်း ပါတယ်။

ဒီတစ်ခေါက်မှာလည်း အဒေါ်နဲ့အတူ အငိုအိုက်တင်တွေကျင့်နေတဲ့ဗီဒီယိုလေးကို ” ကိုယ် ရုပ်ရှင် မရိုက်တော့ဘူး သူပဲ ရိုက်လိမ့်မယ် ( ကလေးကိုယ်တိုင်က အဲ့လိုမရိုက်ရလို့ ငိုနေလို့ပါရှင် ကလေးကို နှိပ်စက်တာမဟုတ်ပါဘူး အိမ်မှာလာကြည့်ပါ အိုက်တင်ပေါင်း (၂) သိန်းလုပ်နေလို့ပါ ) ” ဆိုပြီး ခြူးလေးကဝေမျှခဲ့ပါတယ်။ တူဝရီးနှစ်ယောက်ရဲ့ ချစ်စရာအခိုက်အတန့်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Chue Lay